မြိတ်တွင် လွှတ်တော် ကိုယ်စားလှယ်များ ရုံးစဖွင့်

0
404

မြိတ်မြို့နယ် မြစ်ငယ်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဇွန်လ ၃၀ ရက်မှစပြီး လွှတ်တော်ကိုယ် စားလှယ်များရုံး စတင်ဖွင့်လှစ်ထား ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးစိုးပိုင်ဋ္ဌေးထံမှ သိရသည်။


ဒေသအတွင်းရှိ ပြဿနာ အခက် အခဲများကို မည်သူမဆို ကိုယ်စားလှယ် များရုံးတွင် လာရာက်အကြောင်းကြား နိုင်အောင် ရည်ရွယ်ပြီး ဖွင့်ထားရခြင်း ဖြစ်ကြောင်း ဦးစိုးပိုင်ဋ္ဌေးက ပြောသည်။အကြောင်းကြား တိုင်ကြားချက်အ ပေါ်မူတည်ပြီး လွှတ်တော်ပိုင်းဆိုင်ရာ များကို လွှတ်တော် သို့လည်းကောင်း အစိုးရပိုင်းဆိုင်ရာ များကို အစိုးရပိုင်းသို့ လည်းကောင်း ခွဲခြားပြီး ဖြေရှင်းပေးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။
လက်ရှိတွင် မြို့တွင်းလမ်းများကို ပေ ၁၀၀ တိုင်းတာခဲ့သည့်အတွက် နေ အိမ်များမှ စိုးရိမ်မှုရှိနေမှုများ၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်ရုံးမှနေအိမ် တစ် ချို့ထံမှ မြေငှားရမ်းခ လစဉ်ကောက်ခံနေ သည့်အပေါ် အမြင်လွှဲမှားမှုများရှိနေခြင်း တို့ကို နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း လွှတ် တော်ကိုယ်စားလှယ်များရုံးမှ သိရသည်။
ထို့ပြင် တနင်္သာရီမြို့နယ်တွင် လည်း လွှတ်တော်ကိုယ်စားလှယ်များရုံး ကို ရက်ပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။