ကျူရှင်ကိစ္စ တိုင်သူရှိက အရေးယူမည်

0
556

တနင်္သာရီတိုင်းအတွင်းရှိ ပညာ ရေးဝန်ထမ်း ဆရာ၊ဆရာမများ ကျူရှင် သင်ကြားနေသည်ကို တိုင်ကြားသူရှိ ပါက အရေးယူသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးညွှန် ကြားရေးမှူးရုံးမှ သိရသည်။

တိုင်ကြားလာပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ဦးဆောင်သည့် အဖွဲ့မှ ကွင်းဆင်းစစ် ဆေးကာစိစစ် သွားမည်ဖြစ်ပြီး စိစစ်တွေ့ရှိပါက ဝန် ထမ်းစည်းမျဉ်းစည်းကမ်း အရ  အရေးယူ မည်ဖြစ်ကြောင်း တိုင်းပညာရေးညွှန် ကြား ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

school_girls
” ကျူရှင်ပြတာ ငွေကြေးကိစ္စတွေ ပါလာရင်တော့ ဌာနတွင်း စိစစ်အရေး ယူသွားမယ်”  ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
လက်ရှိအချိန်တွင် ကျူရှင်နှင့် ပတ်သက်၍ တိုင်ကြားခြင်းမရှိသေး သော်လည်း တိုင်ကြားခံရသည့် အချိန် တွင် အပြစ်ရှိကြောင်းစစ်ဆေးတွေ့ ရှိပါ က နှစ်တိုးရပ်ဆိုင်းခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း စသည့် ပြစ်ဒဏ်များအထိ အရေးယူခံရမည်ဟု ၎င်းက ဆိုသည်။
ကျောင်းတွင် အချို့သော ဆရာမ များ စာသင်ကြားမှုအပေါ် အားမရသည့် အတွက် မိမိကလေးအား ကျူရှင်ထားရ ပြီး ကျူရှင်မထားသည့် ကလေးမှာ စာမေးပွဲကျသည်က များကြောင်း ထားဝယ်မြို့မှ တက္ကသိုလ်ဝင်တန်းတက် နေသည့် ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဒေါ်သိန်းကြည်က ဆိုသည်။
” မိဘကလည်း စီးပွားရေးနဲ့ လုံး လည်နေရတော့ ကျူရှင်ပဲထားဖြစ်တယ်” ဟု ဒေါ်သိန်းကြည်က ပြောသည်။
ကျူရှင်သင်ကြားခွင့် မပြုသည့် ညွှန်ကြားချက်မှာ ၁၉၉၀ခုနှစ်ကတည်းက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ဖြစ် ပြီး ယခုအချိန်ထိ အသက်ဝင်နေဆဲ ဖြစ်သောကြောင့် တိုင်ကြားမှုရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာခိုင်မြဲ က ဧရာဝတီသတင်းဌာနကို ဇွန်လအတွင်းက ပြောကြားခဲ့ဖူးသည်။