သစ်ဖောင် ၄ ခုကို မသင်္ကာ၍ ရေတပ်စစ်ဆေး

0
376

မြိတ်တွင် စုစုပေါင်း သစ် အလုံး ရေ ၁၀၀ ကျော်ပါ သစ်ဖောင် ၄ ခုက မြန်မာတပ်မတော်(ရေ)မှ မသင်္ကာ သဖြင့် ဇွန်လ ၃ရက်က စစ်ဆေးခဲ့ ကြောင်း မြန်မာ့တပ်မတော်(ရေ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

check_myeik
တန် ၁၄၀ ကျော်ရှိ ယင်းသစ်များ နှင့်ပတ်သက်ပြီး လွဲပြောင်းစာများတွင် အထောက်အထားအချို့ ခိုင်လုံမှု မရှိ ခြင်း၊ သစ်တောဌာန၏ ရုံးတံဆိပ် မပါ ခြင်း၊ စာအမှတ်အများ၊ နေ့စွဲများနှင့် မျောစာများလည်း မပါဝင်သောကြောင့် ယင်းသို့ စစ်ဆေးရခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါ သစ်များသည် တနင်္သာ ရီတိုင်းဒေသကြီး ညွန်ကြားရေးမှူ ဦး ဆောင်သော သစ်တောဝန်ထမ်း နှင့်အဖွဲ့ မှ ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က တောင်ဖရူး ကြိုးပြင်၊ ရေဖြူချောင်းဖျားနှင့် သပြုချောင်း ဖျားတစ်ဝိုက်တွင် မြန်မာသစ်လုပ်ငန်းနှင့် ပူးပေါင်း ဖမ်းဆီးထားသည့် သစ်များဖြစ် ကာ မြိတ်မြို့သို့ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း မြိတ်ခရိုင် သစ်တောဦးစီး အရာရှိ ဦးအောင်ကျော်စိုးက ပြောသည်။

ယင်း သစ်များအား လေလံတင် ရောင်းချရန် ညွှန်ကြားရေးမှူးရုံးသို့ တင်ပြ သွားမည်ဖြစ်ကြောင်း ဦးအောင်ကျော်စိုး က ပြောသည်။