ဝေဖန်သံ ညံလာသည့် ထားဝယ်မီးလင်းရေး

0
477

ထားဝယ်တွင် မီးသုံးစွဲသူများ၏ဝေဖန်သံများ တစ်နေ့ထက်တစ်နေ့ အသံပိုကျယ်လာသည်။
မကြာခဏမီးပျက်ခြင်း၊ ကုမ္ပဏီ၏ ဝန်ဆောင်မှု၊ လစဉ်ပုံမှန်ကျသင့်သည့်နှုန်းထားထက် ပိုမိုကုန်ကျနေသည့် ဖြတ် ပိုင်းများစသည့်ကိစ္စ၊ မီးမကြာခဏပျက် သည့်ကိစ္စက လူပြောအများဆုံးဖြစ် သည်။


ပြီးခဲ့သည့် သင်္ကြန်ကာလဂက်စ် ပိုက်လိုင်း အပြောင်းအလဲပြုလုပ်ပြီးချိန် မှ ယနေ့အထိ မီးမကြာခဏ ပြတ် တောက်လျက်ရှိသည်ဟု ထားဝယ်မြို့ခံ မီးသုံးစွဲသူများက ပြောသည်။”နှစ်ရက်လောက်ကဆို တစ်ည လုံး မီးသေပြီးမနက်ထိ မလာဘူး။ အရင် ခေတ်ကို ပြန်ရောက်သွားသလိုဖြစ် နေတယ် ”  ဟု ကမြောကင်းကျေးရွာမှ အသက် ၅၀ နှစ်ခန့်ရှိသည့် အိမ်ထောင် ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

လျှပ်စစ်ပေါင်းအိုး အသုံးပြုကာ ထမင်းချက်ရသည့်အတွက် မီးလာသည့် အချိန်တွင် ထမင်းကို ကပြာကယာချက် ရသည်ဟု ၎င်းက ဆိုသည်။မီးပျက်ရက်များလာခြင်းကြောင့် DDPC  မီးလင်းရေး၏လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေးလုပ်ငန်းအပေါ် ကျွမ်းကျင်မှုကိုလည်း    မေးခွန်းထုတ်လာကြ သည်။
“DDPC  ကုမ္ပဏီအနေနဲ့လုပ်ငန်း ကျွမ်းကျင်တဲ့ကုမ္ပဏီနဲ့ ပေါင်းလုပ် မလား။ အစိုးရဌာနစီမံခန့်ခွဲမှုနဲ့လုပ် ဆောင်သွားမလား”ဟု ဘုမ္မော်ရပ်ကွက် နေ ဦးသန်းဝင်းက မေးခွန်းထုတ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ် စစ် မကြာခဏ ပြတ်တောက်နေခြင်း ကြောင့် လျှပ်စစ်ဖြန့်ဖြူးနေသည့် ကုမ္ပဏီများ၏ တာဝန်မကျေမှုနှင့်ပျက် ကွက်မှုများကို စိစစ်ကာ လုပ်ငန်းရုပ် သိမ်းမည်ဟု လျှပ်စစ်ဝန်ကြီးက ပြောဆို ထားသော်လည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအနေဖြင့်မူ လက်ရှိအချိန် အထိ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေး ဟု ဦးသန်းဝင်းက ဝေဖန်သည်။

” ကုမ္ပဏီနဲ့တွေ့ပြီးပါပြီ။ ပြည်သူ အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ပေးဖို့နဲ့ ချို့ယွင်းချက်ရှိရင် ကြိုပြီးအသိ ပေးဖို့ ပြောထားတယ်” ဟု တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြော သည်။
ပြည်သူလူထုအနေဖြင့် မီးပြတ် တောက်မှုအပေါ် တိုင်ကြားနိုင်ပြီး တိုင် ကြားပါက ထိထိရောက်ရောက်လုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။DDPC  မီးလင်းရေးအပေါ် ပြည်သူများ ထပ်မံဝေဖန်သည့်အချက်မှာ မီတာခဘောက်ချာများ ဖြစ်သည်။
ပုံမှန်ကျသင့်သည်ထက် ပိုမို ကျသင့်နေခြင်း၊ ဘောက်ချာ ပုံမှန်မ ရောက်လာခြင်း၊ ပေးပြီးသားအိမ်ကို ဘောက်ချာထပ်ပေးခြင်း စသဖြင့်ဘောင် ချက်နှင့်ပတ်သက်သည့် အဆင်မပြေမှု များလည်း ရှိနေသည်။

” မီတာလခသွားပေးပြီး ပေမယ့် မပေးရသေးဘူးလို့ပြောပြီး နောက်ထပ် မီတာစာရွက် လာပေးတာတွေရှိတယ်” ဟု ကမြောကင်းကျေးရွာနေ အထက်ပါ အမျိုးသမီးက ပြောသည်။မီတာခ ဘောက်ချာကို လစဉ်ပုံမှန် မပေးခြင်းကြောင့် နှစ်လစာပေါင်း ပေးရသည့် အခြေအနေမျိုးဖြစ်လာပြီးယင်းသို့ဖြစ်ခြင်းက အခြေခံလူတန်း စားများအတွက် အခက်အခဲရှိသည်ဟု ထားဝယ်မြို့၊ ထိန်ဟောင်းရပ်ကွက်နေ ဦးဇော်မိုးက ပြောသည်။” မီတာခ ပုံမှန်ထက် ပိုကျနေ တာကတော့ တော်တော်များများ ဖြစ်နေ တယ် ကြားရတယ်။ အိမ်မှာလည်းပုံမှန် ပေးနေရတာရဲ့တစ်ဝက်လောက် ပိုကျ နေတယ်” ဟု ဖိုးသီးချိုလျှပ်စစ်ဝန် ဆောင်မှု ကုမ္ပဏီမှဒါရိုက်တာ ဒေါက်တာ ဝင်းထိန်က ပြောသည်။

ယင်းသို့ ပိုမိုကျသင့်ခြင်းမှာ မီတာ ခ ဖတ်ချိန် အချိန်မမှန်ခြင်းကြောင့် ရက် ၃၀ ထက် ကျော်လွန်သွားခြင်း၊ အလွန် ပူပြင်းသည့် ရာသီဥတုကြောင့်သုံးစွဲမှု ပိုများခြင်းတို့ကြောင့် ပိုများသွားခြင်း ဖြစ်နိုင်သည်ဟု ဒေါက်တာဝင်းထိန်က မှတ်ချက်ပြုသည်။၎င်းအပြင် အိမ်များမီးပျက်ချိန်တွင် DDPC မီးလင်းရေးကို အကြောင်းအ ကြားပါက ဝန်ထမ်းများ ရောက်မလာဟု ဝေဖန်ကြသည်။” မီးပျက်သွားတဲ့အချိန်မျိုးဆိုရင်သူတို့ကို အကြောင်းကြားပေမယ့် တော်ရုံနဲ့မလာကြဘူး။ ဝန်ဆောင်မှု လိုနေသေးတဲ့သဘောဖြစ်တယ်” ဟု ကိုဇော်မိုးက ဆိုသည်။

DDPC  မီးလင်းရေးကမူ ၎င်းတို့ တွင်လည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် အခက်အခဲများရှိသည်ဟု ဆိုသည်။
ကျန်ရှိနေသေးသည့် သက်တမ်းလွန်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဖြန့် ဝေပေးနေသည့် နည်းစနစ်ကိုက်ညီရန် လိုအပ်ချက် ရှိနေသေးသည့်အတွက် တစ်ခါတစ်ရံ ဓာတ်အားပြတ်တောက်မှု များရှိသည်ဟု DDPC  ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်ဇော်ဟိန်း ကပြောသည်။

” မီးသုံးစွဲမှုကလည်း တဖြည်းဖြည်း ချင်းကျလာတယ်။ ရာသီဥတု မပူမအေး ဖြစ်တဲ့အခြေအနေရောက်ရင် ပျမ်းမျှမီး သုံးစွဲမှုအားကို တွက်ချက်ပြီးလိုအပ်တဲ့ စက်တွေကို ဖြည့်ဆည်းမယ်” ဟု၎င်းက ပြောသည်။ပူပြင်းသည့် နွေရာသီတွင်မီးသုံးစွဲမှု အမြင့်ဆုံး တက်လေ့ရှိပြီး မိုးရာသီတွင် သုံးစွဲမှု လျော့ကျလေ့ရှိသည့်အတွက် ယင်းနှစ်ခုကြား ပျမ်းမျှသုံးစွဲမှု ပမာဏ ကို ချိန်ဆရန်အတွက် စောင့်ကြည့် နေဆဲဖြစ်ကြောင်း ဦးအောင်ဇော်ဟိန်း က ဆိုသည်။ယင်းသို့ စောင့်ကြည့်ဆဲအခြေအနေ တွင် ထုတ်လုပ်မှုပမာဏနှင့် သုံးစွဲမှုပမာ ဏတို့အကြား ဓာတ်အားလိုအပ်ပါကအချို့နေရာများကို မီးအားဖြတ်တောက် နေရဆဲ ဖြစ်သည်ဟု ဆိုသည်။

ဝန်ဆောင်မှုနှင့်ပတ်သက်၍ မိုး စရွာသည့်နေ့တွင် မီးပျက်သည့်နေရာ ၃၀၀ အကြောင်းကြားလာသည့်အတွက် အများနှင့်ဆိုင်သည့်နေရာများကို ဦးစား ပေး၍ ဝန်ထမ်းများက သွားရောက် နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။” ပုံမှန်က ခေါ်တာ ၃၀ နဲ့ ၅၀ ကြားလောက်ပဲ ရှိတယ်။ မိုးစရွာတဲ့ အချိန်က ၃၀၀ လောက်ဖြစ်သွား တယ် ဆိုတော့ အများနဲ့ဆိုင်တဲ့ဓာတ်တိုင်လဲကျတဲ့နေရာတွေကို ဦးစားပေးသွား           ရောက်နေတာပါ ” ဟု ဦးအောင်ဇော်ဟိန်း က ပြောသည်။မီတာခပုံမှန်ထက် ပိုကျသင့်သည့် ကိစ္စမှာ နေရာအတော်များများတွင် ဖြစ်ပွားနေပြီး လိုအပ်ပါက အခြားမီ တာတစ်လုံးဖြင့် အတူယှဉ်တွဲထား၍ စစ်ဆေးနိုင်ကြောင်း ၎င်းက ဆိုသည်။

မီတာခဘောက်ချာများ နောက် ကျနေသည့်ကိစ္စမှာ ဝန်ထမ်းများနယ် မြေ မကျွမ်းကျင်သေးခြင်းကြောင့် ဖြစ် ကြောင်း ပြောဆိုထားသည်။
DDPC မီးလင်းရေးအနေဖြင့် လုပ်ငန်းကျွမ်းကျင်ခြင်းမရှိပါက အခြား သူအား လွှဲပြောင်းပေးရန် ပြောဆိုဝေဖန် ချက်များနှင့်ပတ်သက်၍ DDPC   ကုမ္ပဏီအနေဖြင့် အကောင်းဆုံး လုပ်ဆောင်နေပြီး ဆက်လုပ်ရန် မလုပ်ရန်မှာမူ ပြည်သူလူထုက ဆုံးဖြတ် သွားလိမ့်မည်ဖြစ်ကြောင်း ဦးအောင်ဇော် ဟိန်းက ပြောသည်။