အသံချဲ့စက် ကျယ်ကျယ်မဖွင့်ရ

0
600

အများပြည်သူ အနှောင့်အယှက် မဖြစ်စေရေးအတွက် အသံချဲ့စက်အသံ ကျယ်လောင်စွာ ဖွင့်ခြင်းကို ကန့်သတ် သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က ပြောကြားသည်။

ဘာသာရေးအခမ်းအနားများ၊ ဥပသကာများနှင့် မင်္ဂလာဆောင်များ အပါအဝင် အသံချဲ့စက်ဖွင့်ခွင့်ကိုခွင့် ပြုသွားမည်ဖြစ်သော်လည်း ကျယ်လောင် စွာဖွင့်ခြင်းကိုကန့်သတ်သွားမည်ဟု ဦးလင်းသန့်က ပြောသည်။ ” အများသူငါကို အနှောင့်အယှက် ဖြစ်ရင်တော့အသံအတိုး အကျယ်ကန့် သတ်သွားမယ်” ဟု ၎င်းက ပြောသည်။

 
အသံချဲ့စက်အသုံးပြုခွင့်ပေးခြင်းနှင့်ပတ်သက်၍ စည်းကမ်းချက် များအား ရပ်^ကျေးအုပ်ချုပ်ရေးမှူးများ ကို ထပ်မံညွှန်ကြားသွားရန်ရှိကြောင်းဦးလင်းသန့်က ဆိုသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် ပရိယတ္တိစာမေးပွဲများ ကျင်းပနေချိန်များ တွင်မူ အသံချဲ့စက်ဖွင့်ခွင့်အား ကန့် သတ်သွားမည်ဟု ၎င်းက ဆိုသည်။
အသံချဲ့စက် ဖွင့်ခွင့်အတွက် သက် ဆိုင်ရာ ရပ်^ကျေးအုပ်ချုပ်ရေးမှူးများထံ သုံးရက်ကြိုတင် အကြောင်းကြားရမည် ဖြစ်ကြောင်း ထားဝယ်မြို့နယ်အုပ်ချုပ် ရေးမှူးရုံးထံမှ သိရသည်။

 
အသံချဲ့စက် ဖွင့်ရာတွင်ဖွင့်မည့် သက်ဆိုင်ရာ ကာယကံရှင်ကဖြစ်စေ၊ အဖွဲ့အစည်းကဖြစ်စေ၊ အသံချဲ့စက်ငှား ရမ်းသူပိုင်ရှင်ကဖြစ်စေ အကျိုးအကြောင်း နှင့် အသံချဲ့စက်ဖွင့်လိုသည့်ရက်နှင့် အချိန်ကို ဖော်ပြ၍ အနည်းဆုံးသုံးရက် ကြိုတင်လျှောက်ထားချက်ကို လက်ခံရ မည်ဖြစ်ကြောင်း ရပ်^ကျေးအုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေတွင် ပါရှိသည်။

 
ယင်းအပြင် အသံချဲ့စက်ဖွင့်ချိန် အား နံနက်ခြောက်နာရီမှ ညကိုးနာရီ အထိသာ ခွင့်ပြုရန်နှင့်အများပြည်သူ အား အနှောင့်အယှက်မဖြစ်စေရေး အတွက် ခွင့်ပြုသည့်ဥပစာအတွင်း အများ ပြည်သူကြားသိနိုင်ရုံသာဖွင့်ခွင့် ပြုရန် အစရှိသည့်အချက်များ နည်းဥပ ဒေတွင် ပါဝင်သည်။