ကော့​သောင်းတွင်​ မူးယစ်ဆေးနှင့် သေနတ်များ ထပ်မိ

0
492

မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့နယ်​အတွင်းတွင် အမျိုးသား နှစ်​ဦးကို လက်လုပ်ယမ်းထောင်း​ ​သေနတ်​ နှစ်​လက်​ နှင့်​ အတူ ​မေလ ၃၀ ရက်​​နေ့က ထပ်​မံ ဖမ်းဆီး ရမိခဲ့ကြောင်း ​ မြို့မ ရဲစခန်း ထံမှသိရသည်​။

ကော့သောင်းမြို့မှ ဆယ်​မိုင်​ တာညိုပါဒ ​ကျေးရွာ တွင်​ အမျိုးသားနှစ်​ဦး ကို လက်​လုပ်​​သေနတ်​ နှစ်​လက်​နှင့်​အတူ စိတ်​ကြွ​ဆေးပြားများ ဖမ်းမိပြီးနောက် သုံးရက်အတွင်း ထိုသို့ ဒုတိယအကြိမ်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

KT WP
ဓာတ်ပုံ – AZMT

 

 

 

 

 

 

 

 

 

 

 

ယခု အကြိမ်ဖမ်းဆီးရမိသော နေရာမှာ ကော့သောင်းမြို့မှ မိုင်ငါးဆယ်ခန့်အကွာရှိ စူငယ်ဘာလှိုင်းကျေးရွာအုပ်စု အောင်မြန်မာကျေးရွာရှိ ခြံဝင်းကျယ်တစ်ခုတွင်ဖြစ်ပြီး ယင်းခြံအတွင်း ခွေး ၁၀ ကောင်ခန့်မွေးမြူထားကြောင်း ကော့သောင်းမြို့မရဲစခန်းမှ ရဲအုပ်က ဆိုသည်။

နေအိမ်အတွင်း ၀င်ရောက်ရှာဖွေစဉ် ထွက်ပြေးသဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း ၎င်းကဆိုပြီး ဘိန်းစာမှုန့် ၂ ထုပ်၊ WY မူးယစ်ဆေးပြား ၃ ပြား၊ သေနတ်နှစ်လက်နှင့် ဆေးရှုရာတွင် အသုံးပြုသော ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

“မူးယစ်​​ဆေးဝါး ဖမ်းတိုင်း ဓား၊ ​သေနတ်​ ​တွေ နဲ့ အမြဲဖမ်းမိတယ်​။ ဒါ​ကြောင့်​ ဖမ်းဖို့သွားရင်​ အန္တရာယ်​ ကို ကြိုတင်​ကာကွယ်​မူ​တွေ သတိရှိရှိ လုပ်​ကြရတယ်​”ဟု ​ကော့သောင်းမြို့မစခန်းမှ ရဲအုပ်​​ အောင်​​ဇော်​မင်းထွန်း ကဆိုသည်​။

ယခုဖမ်းမိသော နေရာသည် ကော့သောင်းမြို့ပေါ်အထိ ဆေးဖြန့်နေသော နေရာဖြစ်ကြောင်း ရဲအဖွဲ့က ယူဆထားသည်။

ကော့​သောင်းမြို့နယ်​ အတွင်း ငါးလတွင်​  မူးယစ်​​ဆေးဝါး အမူ တစ်​ရာ​ကျော်​  ဖမ်းဆီးခဲ့သည်​။

တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်တွင်လည်း မူးယစ်ဆေးဝါးနှင့် အတူ သေနတ်များ ဖမ်းဆီးရမိဖူးပြီး ယခုလဆန်းက မူးယစ်တရားခံက ပြန်လည်ပစ်ခတ်မှုကြောင့် ရဲတပ်သားတစ်ဦး သေဆုံးခဲ့သေးသည်။