မွန်တွင် မိုးစပါးချေးငွေ စထုတ်ချေး

0
448

မွန်ပြည်နယ်တွင် မေလ ၁၆ ရက် ကစပြီး မိုးစပါးချေးငွေ စတင်ထုတ်ချေး လျက်ရှိကြောင်း မွန်ပြည်နယ် မြန်မာ့ လယ်ယာ စိုက်ပျိုးရေးဘဏ်မှ သိရ သည်။


ယခုနှစ်အတွက် တစ်ဧက ကျပ် ၁ သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပြီး မိုးစပါး စိုက်ဧက မိုးစပါးစိုက်ဧက သုံးသိန်းကျော် (၃၁၂၃၉၅ဧက)အတွက် ငွေကျပ်သန်း ပေါင်း လေးသောင်းကျော် (၄၆၈၅၉.၂၅)ထုတ်ချေးပေးရန် လျာထားသည်ဟု အထက်ပါ ဘဏ်ပြည်နယ်မန်နေဂျာ              ဦးခင်မောင်စိုးက ပြောသည်။
ချေးငွေထုတ်ချေးမည့် ကာလကို စက်တင်ဘာလအထိ နောက်ဆုံးသတ် မှတ်ထားသော်လည်း ဇွန်လအကုန်ခန့် တွင် အကုန်လုံး ထုတ်ချေးပေးနိုင်ရန် လျာထားသည်ဟု ဦးခင်မောင်စိုးက ပြောသည်။” မွန်ပြည်နယ်က အစောဆုံးလို့လဲ ပြောလို့ရတယ်”  ဟု ၎င်းက ဆိုသည်။ ယခုနှစ် မိုးစပါး စိုက်ပျိုးချေးငွေ အတွက် အတိုးနှုန်းကိုလည်း ယမန်နှစ်က ၅ ရာခိုင်နှုန်းကောက်ခံထားရာမှ ယခု နှစ်အတွက် ၈ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“ချေးငွေကိုတော့ နှစ်တိုင်း ယူ ပါတယ်၊ ကိုယ့်အလုပ်တစ်ခုလုံးအတွက် ကာတော့ မကာမိပါဘူး။ ဒါပေမယ့် တစ် စိတ်တစ်ပိုင်းလောက်တော့ အသုံးပြု လို့ရတာပေါ့၊ အပြင်မှာ ချေးတာနဲ့စာရင် အတိုးနှုန်းလဲ နည်းတယ်လေ၊ ဒီထက် ပိုချေးပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ ဗျာ” ဟု မုဒုံမှ လယ် ၁၀ ဧကပိုင် ဦးအောင်ညွန့်က ပြောသည်။