မြိတ်တက္ကသိုလ် လက်ထောက်ကထိကတစ်ဦး ငွေစု သိန်းထောင်ချီ လိမ်လည်ထွက်ပြေး

0
396

မြိတ်မြို့၊ မြိတ်တက္ကသိုလ် အရှေ့ တိုင်းပညာဌာနမှ လက်ထောက်ကထိက တစ်ဦးသည် ငွေစုထီ ကျပ် သိန်း ၃၀၀၀ ကျော်လိမ်လည်ပြီး ထွက်ပြေးတိမ်းရှောင် နေကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းနှင့် ငွေလိမ်လည် ခံထားရသူအချို့ထံမှ သိရ သည်။


အလိမ်ခံရသူများသည် ငွေစုထီ ဝယ်ထားသူများဖြစ်ကြောင်း ငွေလိမ် လည်ခံထားရသူတချို့က ပြောသည်။
” သုံးလပိုင်းအပြီးပေးမယ်လို့ ပြော ထားတာ အခုလေးလကျော် ငါးလပိုင်း ထဲဝင်သွားပြီး အိမ်မှာသွားရှာတာလည်း မရှိဘူး ဖုန်းလည်း စက်ပိတ်ထားတယ်” ဟု ငွေသိန်း ၇၀ ခန့် လိမ်လည်ခံထားရသူ တစ်ဦးဖြစ်သူ ဒေါ်အေးအေးနွယ်က ပြော သည်။
ယင်းကဲ့သို့ ငွေစုထီများ ဝယ်ယူ ထားသော်လည်း အဆိုပါ လိမ်လည် သူက ငွေအချိန်မှန်မှန်ပေးရန် ပျက်ကွက် သည့်အတွက် ခင်မင်ရင်းနှီးမှုအရ အတိုး မယူဘဲ အရင်းအတိုင်း ပြန်လည်ပေး ချေရန်အတွက် ငွေပေးထားသူများနှင့် သဘောတူစာချုပ်ကိုဧပြီလက ချုပ်ဆို ထားသည်ဟု သိရသည်။
” လက်ရှိလိုက်ရှာနေတယ် တွေ့ရင် ညှိနှိုင်းမယ်၊ အဆင်ပြေရင်လည်း ပြီးပေါ့ နော်၊ မပြေရင် အမှုဖွင့်သွားမယ် အခု တော့ သက်ဆိုင်ရာဌာနတွေကို အသိပေး အကြောင်းကြားထားတယ်”  ဟု ဒေါ်အေး အေးနွယ်က ပြောပြသည်။
ကျောင်းတွင်းတွင် သိန်း ၁၀၀၀ ကျော်ခန့်နှင့် ပြင်ပရင်းနှီးမိတ်ဆွေများ ထံမှ ချေးယူထားငွေ ကျပ်သိန်း ၂၀၀၀ ကျော်အထိရှိနေကာ ငွေလိမ်ခံထားရ ကြောင်း ဖွင့်ဟမပြောသူအချို့လည်းရှိနေကြောင်း ဒေါ်အေးအေးနွယ်က ပြော ပြသည်။
ယင်းကိစ္စ အသေးစိတ်ကို သိရှိ နိုင်ရန် အထက်ပါ ကထိကထံ ဖုန်းဖြင့် အကြိမ် ကြိမ်ဆက်သွယ် မေးမြန်းသော် လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်း ခွင့်မရခဲ့ပေ။