မြိတ်တွင် အိမ်အငှားနေထိုင်သူများ မြေတောင်းရန်ပြင်

0
427

မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက် အချို့မှ အိမ်အငှားနေထိုင်ကြသူများက ကိုယ်ပိုင်အိမ်ရာမြေများ ရရှိရေး တိုင်း အစိုးရထံ တောင်းဆိုရန် ဧပြီလ ၅ ရက်မှစပြီး လက်မှတ်ထိုးစုဆောင်းနေ ကြောင်း ယင်းအိမ်အငှားနေထိုင်သူများ ထံမှ သိရသည်။


အိုးအိမ်မဲ့ပြီး အိမ်ငှားနေထိုင်သူ များအနေဖြင့် အခက်အခဲများရှိနေသည့် အတွက် ယခုကဲ့သို့ လက်မှတ်ရေးထိုးပြီး တင်ပြတောင်းဆိုရခြင်းဖြစ်ကြောင်း လက်မှတ်များ စုဆောင်းနေသူ တစ်ဦး ဖြစ်သူ ဦးရှင်ဂွမ်က ပြောသည်။
လက်ရှိတွင် အိမ်ငှားနေထိုင်ကြ သူများ၏ လက်မှတ် ၃၀၀ နီးပါးခန့် ရရှိနေပြီ ဖြစ်ကာ ရက်ပိုင်းအတွင်း တိုင်း ဝန်ကြီးချုပ်ထံသို့ တင်ပြသွားမည်ဟု သိရသည်။
မြိတ်မြို့နယ်အတွင်း ဖော်ဆောင် နေသည့် အိမ်ရာစီမံကိန်းများ၏ မြေ ကွက်များ၊ ဦးပိုင်မြေများတွင် အကွက် ဖော် ရောင်းချနေသော မြေကွက်များသည် တန်ဖိုးမြင့်လွန်းခြင်းကြောင့် မဝယ်နိုင် သဖြင့်  ယင်းသို့ တင်ပြတောင်း ခံရခြင်း ဖြစ်ကြောင်း အင်းလေးမြိုင်ရပ် ကွက်နေ အိမ်ငှားနေထိုင်ကြသူအချို့က ဆိုသည်။လက်မှတ် ရေးထိုးတင်ပြသူများ သည် မြိတ်တောင်နယ်မြေနှင့် မြိတ် တောင်ကျေးရွာအတွင်းရှိ ရပ်ကွက်များ အတွင်း  အိမ်ငှားနေထိုင်သူများဖြစ် ကြောင်း သိရသည်။