တိုင်းအတွင်း ကရင်တိုင်းရင်းသားဒေသများရှိ သိမ်းဆည်းမြေများ ပြန်ပေးရန် တောင်းဆို

0
383

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကရင်တိုင်းရင်းသားဒေသများရှိ အ ကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်း ထား သည့်မြေများ ပြန်လည် စွန့်လွှတ် ပေး ရန် ဒေသခံ ကရင်တိုင်းရင်းသား များက တိုင်းအစိုးရအဖွဲ့မှ ကရင်တိုင်း ရင်းသား ရေးရာဝန်ကြီးထံ တောင်းဆို ခဲ့ကြသည်။


ဧပြီလ ၂၇ ရက်က ထားဝယ်မြို့တွင် ပြုလုပ်ခဲ့သည့် ကရင်တိုင်းရင်းသားရေး ရာဝန်ကြီးနှင့် ဒေသခံပြည်သူများ တွေ့ ဆုံပွဲ အခမ်းအနားတွင် ဒေသခံ ကရင် တိုင်းရင်းသားများက သိမ်းဆည်း မြေ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ ဝန်ကြီးက စာဖြင့် ထပ်မံ တင်ပြရန် ပြော ဆိုခဲ့သဖြင့် ဆွေးနွေးပွဲအပြီးတွင် ဒေသခံ များက စာဖြင့် ချက်ချင်း တင်ပြ တောင်း ဆိုခဲ့ခြင်း ဖြစ်သည်။
မြိတ်ခရိုင်အတွင်း ကျွန်းစုမြို့နယ် ကတန်ကျွန်းတွင် ကြိုးပြင်ကာကွယ် တောအဖြစ် သိမ်းဆည်းထားသည့် မြေ ဧက ရှစ်သောင်း ကျော်၊ ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲရှိ ဝါးဇွင်းအုပ်ကျေး ရွာတွင် အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ သိမ်းဆည်းထား သော မြေဧက ခြောက်ရာကျော်၊ တန င်္သာရီမြို့နယ်၊ သိမ်ပြင်ကျေးရွာတွင် MSPP  ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားသည့် ဧက လေး သောင်းကျော်နှင့် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု ထုံမခါ ကျေးရွာအနီးတွင် CKB ဆီအုန်းစိုက်ပျိုး ရေးကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရထားသည့် မြေဧက ၂၀၀၀ တို့ကို ပြန်လည် စွန့်လွှတ်ပေးရန် ယင်းဒေသခံများက တောင်းဆိုကြခြင်းဖြစ်ကြောင်း ၎င်းတို့ ၏ တင်ပြစာများအရ သိရသည်။
ထို့အပြင် ထားဝယ်ခရိုင်၊ ကလိန် အောင်မြို့ နှမ်းကျဲကျေးရွာအုပ်စု၊ ကျေး ဇူးတော်ကျေးရွာတွင်လည်း ရွှေပဒုမ္မာ ဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီကို လုပ်ပိုင် ခွင့်ပေးထားသည့် မြေဧက ခြောက် ရာကျော် တို့ကို ပြန်လည်စွန့်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
” သက်ဆိုင်ရာ ဝန်ကြီးနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်သွားမယ်” ဟု တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ  ကရင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး စောလုကာက ပြောကြားသည်။
ကရင်တိုင်းရင်းသားဒေသများမှ ဒေသခံများနှင့် ကရင်တိုင်းရင်းသားရေး ရာဝန်ကြီးတို့တွေ့ဆုံပွဲကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် ပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့် မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့ တက် ရောက်ခဲ့ကြသည်။