လာဘ်ပေးလာဘ်ယူကိစ္စ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းရန် ရေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း

0
415

ယခုအစိုးရ သက်တမ်းအတွင်း လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ဆောင် ရွက်မည်ဖြစ်သည့်အတွက် အုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် ပါဝင်ပူးပေါင်းကြရန် ရေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက တိုက်တွန်းခဲ့သည်။


မြို့နယ်အဆင့် အထွေထွေ အုပ် ချုပ်ရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရေးမြို့နယ်မှ အရွေးချယ်ခံ ကိုယ်စားလှယ်များ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအောင်ထွန်းခိုင်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းတို့ ဧပြီလ ၂၂ ရက်က တွေ့ ဆုံရာ ကိုယ်စားလှယ်များက ယင်းကဲ့သို့ တိုက်တွန်းခြင်း ဖြစ်သည်။
” လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်(ဒေါ်အောင်ဆန်းစုကြည်)ဟာ လာဘ်ပေးလာဘ်ယူကိစ္စကို အင်မတန်မှ မကြိုက်မနှစ်သက်ပါဘူး။ ဒါ့ကြောင့် အားလုံးက ကမ္ဘာ့အလယ် ရပ်တည်နိုင်ဖို့ ဝိုင်းဝန်းလက်တွဲလုပ်ဆောင်သွားကြပါလို့ ပြောချင်ပါတယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောသည်။
သက်ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် အဂတိမလိုက်စားဘဲ ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ အောင်ထွန်းခိုင်က ပြောသည်။
ယင်းကိစ္စကို ထိရောက်စွာ တိုက် ဖျက်လိုပါက ပညာပေး လုပ်ငန်းများ လုပ် ဆောင်သည့်အပြင် ဥပဒေအရအရေးယူ မှုများကိုလည်း ပြုလုပ်ကာ  ပြည်သူများ၊ တာဝန်ရှိသူများ အဆင့်ဆင့်သိရှိအောင် ချပြဆောင်ရွက်မှသာ ပပျောက်သွားလိမ့် မည်ဟု ထင်မြင်ယူဆပါကြောင်း ရန်မျိုး အောင်ရပ်ကွက်၊ ရပ်မိရပ်ဖတစ်ဦးဖြစ် သူ ဦးအောင်ခိုင်က သုံးသပ်သည်။