ရေး-အစင် ကားလမ်းတွင် ကျောက်သယ်ကားတိုက်မိ လူတစ်ဦး သေဆုံး

0
527

ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ရေး – အစင် ကားလမ်းတွင် ကျောက် သယ်ကားဖြင့် တိုက်မိ၍ စက်ဘီးစီးနေသူ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။


ဖြစ်စဉ်မှာ မတ်လ ၁၅ရက်၊ မွန်းလွဲ ၄ နာရီခန့်အချိန်က အောင်မေတ္တာ ရပ်ကွက်၊ အစင်ကျေးရွာဘက်မှ ရေးမြို့ ဘက်သို့ မောင်းနှင်လာသည့် ကျောက် သည်ယာဉ်သည် ရေး-အစင်သွား ကား လမ်းရှိ ဝဲကလိဘုရားကုန်း အဆင်း တွင် ရှေ့မှ စက်ဘီးနင်းသွားနေသူ ဦးမောင် မောင်အား အနောက်မှ ဝင်ရောက် ကြိတ် မိခဲ့ရာ ဦးမောင်မောင်ဆိုသူများ အခင်း ဖြစ်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြသည်။
ယင်းကျောက်တင်ယာဉ်သည်    ရှေ့ ၁၀ကိုက်ခန့် အကွာ ရွှေဘဲလေး ဘဲဥဆိုင်ရှေ့တွင်ရပ်ထားပြီး ဘဲဥများ တင်ဆောင်နေသော ဦးဘဆန်းဆိုသူ အား ထပ်ဆင့်တိုက်မိခဲ့သဖြင့် ဦးဘဆန်း မှာ ဒဏ်ရာများရရှိပြီး ရေးမြို့ ပြည်သူ့ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက် ရောက်ကုသလျက်ရှိသည်ဟု သိရှိရသည်။
ရဲမှတ်တမ်းတွင် ဖော်ပြချက်အရ ယာဉ်မောင်း ကိုကိုဆိုသူမှာ ယာဉ်မောင်း လိုင်စင်မရှိဘဲ အရက်သေစာ သောက်စား ထားပြီး မဆင်မခြင်မောင်းနှင်ခဲ့သည်ဟု သိရှိရသည်။လက်ရှိတွင် ယာဉ်မောင်း ကိုကို အား ရေးမြို့နယ်ရဲစခန်းတွင် မမစ(ရေး) ယာဉ်(ပ)၂ ^ ၂၀၁၆ ပုဒ်မ-၃၀၄(က)၊ ၃၃၇ / ၃၃၈ အရ အမှုဖွင့်လှစ်ထားရှိကာ ယာဉ်မောင်းကိုကိုအား ဖမ်းဆီး စစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။