တနင်္သာရီ Miss Golden Land ရွေးချယ်ပွဲ ထားဝယ်တွင် ကျင်းပမည်

0
460

Miss Golden Land Tanintharyi Region 2016 ရွေးချယ်ပွဲကို မေလ ၇ရက်နေ့တွင် ထားဝယ်မြို့ရှိ DDPC Royal Palace ခန်းမတွင် ကျင်းပမည် ဖြစ်ကြောင်း Regional Director ဦးကျော်မိုးလွင်က ပြောကြားသည်။

Miss Golden Land Tanintharyi Region 2016 ရွေးချယ်ပွဲ အတွက် ပြိုင်ပွဲဝင် လျှောက်လွှာများကို ဧပြီလ ၃ ရက်နေ့နောက်ဆုံးထားလက်ခံမည်ဖြစ်ပြီး လျှောက်ထားသူများအနက် အယောက်၂၀ ကို ဆန်ကာတင်ရွေးချယ်၍ ဧပြီလ ၉ ရက်တွင် လူရွေးပွဲ ကျင်းပမည် ဖြစ်ကာ မေလ ၇ ရက်နေ့တွင် နောက်ဆုံး ဗိုလ်လုပွဲ ကျင်းပမည်ဖြစ်ကြောင်း ကိုကျော်မိုးလွင်က ပြော သည်။
ပြိုင်ပွဲဝင်လျှောက်လွှာများကို ထားဝယ်မြို့တွင် ရွှေပင်ဆင့် ပိုးထည် ချည်ထည်ဆိုင်၊ မိတ်ကပ် အောင်ခင်ဆင့် နှင့် Foto King Photo Studio တွင်ရယူနိုင်ပြီး မြိတ်တွင် မိတ်ကပ် ဝင်းသူ အောင်နှင့် ကော့သောင်းတွင် အမှတ် (၁၄၂)၊မင်္ဂလာလမ်း ၊ အဏ္ဏဝါရပ်ကွက် ကော့သောင်းမြို့တို့ထံတွင် ရယူနိုင် ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အလှမယ်တစ်ဦး ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခံ ရသူသည် ရန်ကုန်တွင် ကျင်းပမည့် ငျြ Gသိုနည Lညေိ ပြညောမေ ၂၀၁၆ ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။

Miss Golden Land Myanmar 2016 ရွေးချယ်ပွဲတွင် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများတွင်မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အလှမယ်ငါးဦး ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။