ထားဝယ်တွင် ဘ.က ကျောင်းများ ပုံမှန်အလှူရှင်မရှိ၍ ရပ်တည်ရခက်

0
419

နှစ်စဉ်ကျောင်းသားဦးရေတိုးလာ နေသည့် ထားဝယ်မြို့ပေါ် ဘုန်းတော်ကြီး သင် ပညာရေးကျောင်း (ဘ.က) များတွင် ပုံမှန်အလှူရှင်မရှိသောကြောင့် ရပ်တည် ရန် ခက်ခုလာကြောင်း ထားဝယ်မြို့ပေါ် ဘ.က ကျောင်းများထံမှ သိရသည်။

ဘ.က ကျောင်းအများစုတွင် စုစုပေါင်း ကျောင်းသား ဦးရေ ၁၅၀ ဦးနှင့် အထက်ရှိကြပြီး ၎င်းတို့အတွက် ပုံမှန်အလှူရှင်များမရှိသည့်အပြင် အစိုးရ က နှစ်စဉ်ထောက်ပံသည့် ငွေမှာလည်း လုံလောက်မှုမရှိကြောင်း ယင်းဘုန်းတော် ကြီး သင်ပညာရေး ကျောင်းများထံမှ သိရ သည်။
” ခုခေတ်ပညာသင်စရိတ်ကလည်း သိတဲ့အတိုင်း အင်မတန် ဈေးကြီးတယ် မဟုတ်လား။ ဘုန်းဘုန်းတို့ကျောင်းမှာ ဆိုရင် တစ်နှစ်စာ ပညာသင်စရိတ်ကျပ် သိန်း ၁၀၀ ကျော်တယ်။ စားစရိတ်မပါ သေး ဘူးနော်” ဟု လေးထပ်ကျောင်း လူငယ်ဖွံဖြိုးရေးပရဟိတ ဘ.က (မူလွန်) ကျောင်းမှကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။
monestary_school
အစိုးထောက်ပံ့ငွေမှာ ကျောင်းသား တစ်ဦးလျှင် တစ်နှစ်စာအတွက် ၃၀၀၀၀ ကျပ်ဝန်းကျင်သာရသည်ဟု ယင်းကျောင်း ထိုင်ဆရာတော်က မိန့်သည်။
အခြား ဘ.က ကျောင်းများတွင် လည်း ထိုနည်းတူ ပုံမှန် အလှူရှင်မရှိကြ ဟု သက်ဆိုင်ရာ ဆရာတော်များက မိန့်ကြားသည်။
“ပုံမှန်ထောက်ပံ့တဲ့ အလှူရှင်တော့ မရှိဘူး။ ကျောင်းသုံးစာရေးကိရိယာတွေ ကိုတော့ တချို့မွေးနေ့အလှူတို့၊ မင်္ဂလာ ဆောင်တို့ဆိုရင် လာလှူကြတာ တွေတော့ ရှိတယ်” ဟု ဇေယျဘုမ္မိပရဟိတ ပညာသင် ကျောင်းမှ ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

အစိုးရ၏ အထောက်အပံ့ရနည်း ခြင်း၊ ပုံမှန်အလှူရှင် မရှိခြင်းတို့ကြောင့် ကျောင်းသားများအတွက် ကျောင်းနေ သံင်္ဃာတော်များအား လှူဒါန်းသည့် ဝတ္ထုငွေများဖြင့် ရပ်တည်နေရကြောင်း ထားဝယ်မြို့ရှိ ဘ.က ကျောင်းများထံမှ သိရသည်။
ကျောင်းသားအများစုမှာ ထားဝယ် ဒေသရှိနယ်ဘက်မှ ကျောင်းသားများ ဖြစ်ပြီး ဘားအံ၊ လွိုင်ကော်၊ ကော့သောင်း၊ မြိတ်စသည့် မြို့များက လာရောက် နေ ထိုင်သည့် ကျောင်းသားများလည်း ရှိကြောင်း သိရသည်။

တစ်နှစ်ထက်တစ်နှစ် ကျောင်းသား ဦးရေများလာသဖြင့် ကျောင်းသားများ နေထိုင်ရန် အဆောင်များလည်း လိုအပ် လာကြောင်း လေးထပ်ကျောင်းမှ ကျောင်း ထိုင်ဆရာတော်ကပြောသည်။ထားဝယ်တွင် ဘုန်းတော်ကြီး သင် ပညာရေးကျောင်း ၅ ကျောင်းရှိကြောင်း သိရသည်။