မွန်တွင် ငါးအမိဆုံးရာသီ ငါးဈေးကောင်းရ

0
524

မွန်ပြည်နယ်တွင် ယခုနှစ် ငါး အဖမ်းမိရဆုံးရာသီအချိန် ငါးများ ဈေး ကောင်းရရှိနေသည်ဟု မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ငါးဖမ်းလုပ်ငန်းရှင်း များနှင့် ငါးအဝယ်ဒိုင်ကြီးများထံမှ သိရ သည်။ငါးအမိဆုံးလဖြစ်သည့် ဖေဖော်ဝါရီ နှင့် မတ်လတို့တွင် ငါးအရွယ်အစားပေါ် မူတည်ပြီး ငါးပြတ်တစ်ပိဿာလျှင် ကျပ် သုံးသောင်းကျော်သည်ထိ ဈေးကောင်းရ ရှိနေသည်ဟု အတ္တရံမြစ်ရိုးတစ်လျှောက် တွင် ငါးလုပ်ငန်း လုပ်ကိုင်နေသည့် ဦးမာမက်အာဆန်းက ပြောသည်။

ငါးကတော့အစားစားပဲငါးပြတ် ၅၀ သားအထက်ဆိုရင် တစ်ပိဿာသုံးသောင်း ကျော်တယ်၊ ၅၀ သားအောက်ဆိုရင် နှစ်သောင်းခွဲ၊ တစ်သောင်းခုနှစ်ထောင် အစားစားပေါ့။ အငယ်ဆုံးဆိုရင်တစ်ပိ ဿာငါးထောင်၊ဈေးတွေမှာ ရောင်းနေ တဲ့အရွယ်တွေလောက်ပေါ့၊ ငါးပုဏ္ဏးကျ တော့ ငါးမများခင်က တစ်ပိဿာတစ် သောင်းလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

ငါးဖမ်းရာသီကို ငါးလုပ်ငန်းဦးစီး ဌာနမှ ၂၀၁၅ ၊စက်တင်ဘာလ ၁ ရက် နေ့မှ ၂၀၁၆၊ မတ်လ ၃၁ ရက်နေ့ထိ သတ်မှတ်ပေးထားပြီး ဖေဖော်ဝါရီလနှင့် မတ်လ (တပို့တွဲ၊ တပေါင်းလ) တို့တွင် ငါးအများဆုံးဖမ်းမိသည့်လဖြစ်ကာ ငါး ပြတ်နှင့် ငါးပုဏ္ဏား အများဆုံးဖမ်းမိ သည်ဟု ၎င်းကပြောသည်။
“ဒီနှစ်ငါးမိတဲ့အချိန်ငါးဈေး ကောင်းတယ်၊ ခါတိုင်းနှစ် ဒီချိန်ဆို ငါးပြတ်တို့က တစ် ပိဿာနှ စ်သောင်း ကျော်လောက်ပဲဈေးရှိတယ်” ဟု မော်လမြိုင် သံလွင်ဈေးမှ ငါးအဝယ်ဒိုင်ပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။

ပြောင်းလဲလာသည့် ရာသီဥတု အခြေအနေကြောင့် ငါးဖမ်းဆီးရမှုသည် တစ်နှစ်ထက်တစ်နှစ် နည်းပါးလာသည့် အတွက် ငါးဈေးသည်လည်း တစ်နှစ် ထက်တစ်နှစ် မြင့်တက်လာသည်ဟု ငါးလုပ်ငန်းရှင်များက ပြောသည်။

မွန်ပြည်နယ်တွင် ငါးမဖမ်းရရာသီ ကို ငါးအမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ထားပြီး၊ ရေချိုငါးအတွက် ငါးမ ဖမ်းရရာသီကို ဇွန်လမှ ဩဂုတ်လထိ သတ်မှတ်ထားသည်ဟု မွန်ပြည်နယ်ငါး လုပ်ငန်းငန်းဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် ငါးဖမ်းလုပ်ငန်း များကို ကမ်းနီးအဖြစ်သံလွင်မြစ်၊ အတ္တရံ မြစ်းကြောင်းတစ်လျှောက်တွင် လုပ်ကိုင် နေကြပြီး ကျိုက္ခမီ၊ ရေး၊ လမိုင်၊ အစင် အစရှိသည့်ကမ်းရိုးတန်းနှင့် နီးစပ်သည့် ဒေသတို့တွင် ကမ်းဝေးငါးဖမ်း လုပ်ငန်း များကို လုပ်ကိုင်ကြသည်။

မွန်ပြည်နယ်အတွင်း ကမ်းနီး ကမ်းဝေးငါးဖမ်းလုပ်ငန်းများမှ ငါးများ ကိုမော်လမြိုင်မြို့ရှိ ငါးအဝယ်ဒိုင်ကြီး များထံသို့ တင်သွင်းနေကြပြီး ထိုမှ တဆင့်မွန်ပြည်နယ် ၁၀ မြို့နယ်သို့ ဖြန့် ဖြူးရောင်းချနေသည့်အပြင် ရန်ကုန်သို့ လည်း တင်ပို့ရောင်းချနေသည်ဟု ငါးအဝယ်ဒိုင်တို့က ပြောသည်။