အမှိုက်ပစ်ရန်ချထားသည့် ဝါလတ်ပုံးများ အပျောက်အရှရှိခြင်းကြောင့် ပုံးအသစ်များဖြင့်အစားထိုးမည်

0
421

မြိတ်မြို့နယ်ကမ်းနားလမ်းတစ် လျှောက်တွင် အမှိုက်ပစ်ရန်ချထားသည့် ဝါးလတ်ပုံးများ အပျောက်အရှရှိခြင်း ကြောင့် အမှိုက်ပုံးအသစ်များဖြင့် မတ်လ ဒုတိယအပတ်မှစပြီး အစားထိုးချထားမည် ဖြစ်ကြောင်း ကိုမြတ်ထွဋ် (Facebook သူငယ်ချင်းများ) ထံမှ သိရသည်။


ယခင်အမှိုက်ပုံး (ဝါးလတ်ပုံး)များ ကို ပြန်လည်အသုံးမပြုနိုင်အောင်ပုံး၏အောက်ခြေတွင် အပေါက်များဖောက် ထားခဲ့သော်လည်း လက်ရှိအချိန်ထိ ပျောက်ရှမှုများရှိနေကြောင်း လမ်းစပရဟိ တလူငယ်များအဖွဲ့ထံမှ သိရသည်။”ကမ်းနားလမ်းမှာကငါးဖမ်းလှေတွေရှိတယ် ပုံးတွေကိုသူတို့ယူပြီး လှေ ပေါ်မှာသုံးရင် မသိနိုင်ဘူး။ အခုချ ထားမယ့် အမှိုက်ပုံးတွေကသုံးလို့ မရနိုင် ဘူး။ ဒါကြောင့် အစားထိုးချသွားမယ်”ဟု ကိုမြတ်ထွဋ်က ပြောသည်။

ယခု ထပ်ချထားမည့်အမှိုက်ပုံး အသစ် ၁၀၀ ပုံး ကိုပြည့်ဖြိုးထွန်း ကုမ္ပဏီ မှ လှူဒါန်းထားခြင်းဖြစ်ပြီး လမ်းစပရဟိ တ လူငယ်များအဖွဲ့နှင့် ကိုမြတ်ထွဋ် (Facebook သူငယ်ချင်းများ) အဖွဲ့တို့ မှ နေရာချထားပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
အမှိုက်ပုံးအတွင်း အမှိုက်စနစ်တကျ ထည့်တတ်စေရန်ရည်ရွယ်၍ အမှိုက်ပုံး များကို ချထားပေးခြင်းဖြစ်ကြောင်း လမ်း စပရဟိတလူငယ်များအဖွဲ့ဝင် ကိုမိုးသူရ က ပြောသည်။

ပြီးခဲ့သည့်တစ်လခန့်မှစပြီး လမ်း စပရဟိတလူငယ်များအဖွဲ့ အမှိုက်ပုံး ၅၂ လုံးနှင့် ကိုမြတ်ထွဋ် Facebook သူငယ်ချင်းများမှ အမှိုက်ပုံး ၂၇ လုံးတို့ ကို မြိတ်မြို့ရှိ နေရာအချို့တွင် ချထား ပေးခဲ့ကြောင်း သိရသည်။
ယင်းအမှိုက်ပုံးများတွင် အမှိုက်များ ကို သိမ်းယူနိုင်ရန်အတွက် တိုင်းဒေသ ကြီး စည်ပင်သာယာရေးအဖွဲ့မှ အမှိုက် ကားတစ်စီးကို ချထားပေးပြီး ဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးထံမှ သိရသည်။