ထားဝယ် – ထိုင်း လမ်းမစီမံကိန်း ထပ်ကြာမည်

0
447

ထားဝယ် – ထိုင်း လမ်းမ လက်ရှိ ဖောက်လက်စ လမ်းတစ်လျှောက်တွင် ၁၅ ဒီဂရီစောင်းနေသည့် နေရာ ၇ ခုသည် ကုန်တင်ကားများအတွက် လုံခြုံစိတ်ချရမှု မရှိဟု ဆုံးဖြတ်ခဲ့သည့် အတွက် ထားဝယ် – ထိုင်း လမ်းမစီမံကိန်း အကောင် အထည်ဖော်မှု ထပ်ကြာဦးမည်ဖြစ်သည်။

ထိုင်းသယ်ယူပို့ဆောင်ရေး ဝန်ကြီး Arkhom Termpittayapaisith က ၁၃၈ ကီလိုမီတာ (၈၆ မိုင်) ရှိသည့် ထားဝယ် – ထိုင်း လမ်းမစီမံကိန်းကို ရွှေ့ဆိုင်းရ မည်ဟု ဖေဖော်ဝါရီ ၂၇ ရက်က ပြောသည်။ ကနဦး အစီအစဉ်အရ ယင်းလမ်း စီမံကိန်းသည် မတ်လတွင် စတင်မည် ဖြစ်သည်။
ဂျပန်နိုင်ငံ အစိုးရ ဖွံ့ဖြိုးရေး အေဂျင် စီတစ်ခုဖြစ်သည့် ဂျပန်နိုင်ငံတကာ ပူး ပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) ၏ စစ်ဆေးမှုများအရ ယင်းသို့ လမ်းစောင်း နေသည့် နေရာများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ် သည်။

လက်ရှိ ဖောက်လက်စ ၂ လမ်းသွား လမ်းသည် အီတာလျံ- ထိုင်းကုမ္ပဏီက ဖောက်လုပ်ထားသည်။
JICA ၏ အဆိုအရ လမ်း၏ ၂၀ ရာခိုင်နှုန်းသည် တောင်များကို ဖြတ်ရ မည်ဖြစ်ပြီး ကျန်ဧရိယာများမှာ မြေပြင်ညီ ဖြစ်သည်။
လမ်းတစ်လျှောက် ကုန်တင်ကား များအတွက် လုံခြုံစိတ်ချရမှုမရှိသည့် လမ်းအစောင်းရှိသည့် နေရာ ၇ ခုတွင် လှိုက်ခေါင်းများ ဖောက်ရန် ဂျပန်ဘက် က အဆိုပြုသည်။

လှိုဏ်ခေါင်းဖောက်မည့် ကုန်ကျ စရိတ်အတွက် ဂျပန်ဘက်က ကူညီရန် ဆန္ဒရှိပြီး ကျန်လမ်းပိုင်းများအတွက် ကုန်ကျ စရိတ်ကို ထိုင်းအစိုးရက အီတာလျံ-ထိုင်းကို ချေးငွေ ထုတ်ပေးမည်ဖြစ်သည်။