သိန်းခွန်း အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် ပြန်ရွေး

0
621

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်းခွန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် ပွဲကို သိန်းခွန်းကျေးရွာတွင် ဖေဖော်ဝါရီ လ ၉ ရက်က ဒုတိယ အကြိမ်မြောက် ပြန်လည်ရွေးချယ်ခဲ့သည်ဟု အုပ်ချုပ်ရေး မှူးရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့မှ သိရ သည်။


thae_khon
ပထမအကြိမ်ရွေးပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့စဉ်က ချောင်း လမုရွာနေ ဦးမြတ်ဇော် ၂၈ မဲ၊ သိန်းခွန်း ရွာမှ ဦးဋ္ဌေးဦး ၆၁ မဲ၊ မောတောင်ဒေသမှ ဦးစိုးနိုင်ဝင်းက ၁၂၉ မဲတို့ဖြင့် အသီးသီး ရရှိခဲ့ကြောင်း ကြီးကြပ်ရေးအဖွဲ့မှ သိရ သည်။မဲအများဆုံးရခဲ့သည့် ဦးစိုးနိုင်ဝင်း သည် ရပ်ကွက်^ ကျေးရွာ အုပ်ချုပ်ရေး မှူးဥပဒေ အခန်း(၃) ပုဒ်မ(၅)အရ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများ အတွင် တစ်ဆက်တည်း အနည်းဆုံး ဆယ်နှစ်နေထိုင်လျက်ရှိသူ မဟုတ်သည် ကို မြို့နယ်မှ စိစစ်တွေ့ရှိသည့်အတွက် ဒုတိယအကြိမ် ပြန်လည်ရွေးချယ်ရခြင်း ဖြစ်ကြောင်း ကြီးကြပ်ရေးအဖွဲ့ဝင် တစ်ဦး က ပြောပြသည်။

ဒုတိအကြိမ် ပြန်လည်ရွေးချယ် ရာတွင် သိန်းခွန်းရွာမှ ဦးရင်အေးက ၂၇ မဲ၊ ချောင်းလမုရွာမှ ဦးမြတ်ဇော်က ၁၂၄ မဲဖြင့် အသီးသီးရရှိခဲ့ကြကြောင်း ကြီးကြပ် ရေးအဖွဲ့ထံမှ သိရသည်။ပထမအကြိမ်က ရွေးချယ်ထား သည့် ဦးစိုးနိုင်ဝင်းကိုသာ ဆက်အတည် ပြုပေးရန် ဆယ်အိမ်စု ကိုယ်စားလှယ် များနှင့် ရပ်မိရပ်ဖ ၁၀၀ ဦးကျော်က လက်မှတ်ရေးထိုးပြီး မြို့နယ်သို့ တင်ပြ ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု မော တောင်ဒေသ ကျန်စစ်သားရပ်ကွက်မှ ဆယ်အိမ်စုကိုယ်စားလှယ် ဦးမြတ်ထွန်း ခန့်က ပြောပြသည်။