ထိုင်းတွင် တုံးဗျော ရွာသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

0
619

မြိတ်မြို့နယ် တုံးဗျောငယ် ကျေးရွာ နေ အသက် ၂၀ ရှိ ကိုစိုးမင်းသည် ထိုင်းနိုင်ငံ ချုံဖော်မြို့တွင် ဖေဖော် ဝါရီလ ၄ ရက်က သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ဖခင်ဖြစ်သူ ဦးမင်းဇော်ထံမှ သိရ သည်။

” ခြံထဲမှာ အလုပ်လုပ်နေတုန်း မျက် နှာဖုံးစွပ်နဲ့ လူတစ်ယောက်က သေနတ်နဲ့ လာပစ်သွားပါတယ်”ဟု ဖခင်ဖြစ်သူ ဦးမင်းဇော်က ပြောပြသည်။
အပစ်ခံရသည့်နေ့ မတိုင်မီရက် ပိုင်းတွင် ထိုင်းသူဋ္ဌေးထံတွင် လုပ်အားခ သွားတောင်းရာ ရိုက်ခံခဲ့ရကြောင်း ဦးမင်းဇော်က ပြောပြသည်။
ဥယျာဉ်ခြံထဲ အလုပ်အတူ လုပ်ကိုင် နေသူ မြန်မာသုံးဦးကို သေနတ်ဖြင့် ပစ်ခဲ့ ခြင်းဖြစ်ပြီး ကိုစိုးမင်းမှာ ဦးခေါင်းတွင် ကျည်ထိမှန် သေဆုံးခဲ့ကာ ကျန်တစ် ယောက်မှာ သေနတ် ဒဏ်ရာနှစ်ချက်ဖြင့် ချုံဖော်ဆေးရုံသို့ တင်ပို့ထားရပြီး အခြား တစ်ယောက်မှာ ထွက်ပြေးတိမ်းရှောင် နေခဲ့ကြောင်း ချုံဖော်ရှိ ဆွေမျိုးများ၏ ပြောပြချက်ကို ဦးမင်းဇော်က ပြန်လည် ရှင်းပြခဲ့သည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့မှ လူငယ်တစ်ချို့တို့ သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ပြီး ငွေကြေးများ အဆင်ပြေစွာဖြင့် ပြန်လာ သူများကို အားကျကာ မောတောင် နယ်စပ် ဂိတ်မှတဆင့် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက် အလုပ်လုပ်လေ့ ရှိကြကြောင်း မောတောင်ဒေသခံ တစ် ချို့ထံမှ သိရသည်။