တနင်္သာရီမြစ်အတွင်း ရွှေဆက်မတူးဖော်ရေး ကြပ်မတ်ပေးရန် KNU ကို တိုင်းအစိုးရစာပို့

0
390

တနင်္သာရီမြစ်အတွင်း ရွှေထွန်း ပေါက်ကုမ္ပဏီက ရွှေဆက်မတူးဖော်ရေး ထိန်းသိမ်း ကြပ်မတ်ပေးရန် KNU တပ်မဟာ ၄ ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် အပတ်က စာပို့ အကြောင်းကြားထားကြောင်း တိုင်းအစိုးရ အဖွဲ့ထံမှ သိရသည်။

ရွှေထွန်းပေါက် ကုမ္ပဏီက တရား ဝင်ခွင့်ပြုချက်မရှိဘဲ ရွှေတူးဖော်နေခြင်း သည် ကရင်အမျိုးသားအစည်းအရုံး၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်နေခြင်း ဖြစ်ပါ က ဆက်လက်ဆောင်ရွက်ခွင့် မပြုစေရေး ထိန်းသိမ်း ကြပ်မတ်ပေးရန် တိုင်းအစိုးရ က ဇန်နဝါရီလ ၂၇ ရက်တွင် စာပို့ အကြောင်းကြားထားခြင်း ဖြစ်သည်။
“အဓိကကတော့ တရားမဝင် လုပ် နေတာဖြစ်တဲ့အတွက် ရပ်ခိုင်းတာပါ” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းက ပြောကြားသည်။
တိုင်းအစိုးရက ပေးပို့သည့် စာတွင် ဖော်ပြသည့်”ကရင် အမျိုးသားအစည်း အရုံး(KNU)၏ ခွင့်ပြုချက်ဖြင့် ဆောင် ရွက်နေခြင်းဖြစ်ပါက”ဟူသည့် အသုံး နှင့် ပတ်သက်ပြီး KNU ဘက်ကို မေးရာ ၎င်းတို့အနေဖြင့်လည်း ခွင့်ပြုချက်ပေး ထားခြင်းမရှိဟုတပ်မဟာ၎ ကရင် အမျိုး အသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးမှ တာဝန် ခံ ဖဒိုဝင်းခိုင်က ပြောသည်။

ခွင့်ပြုချက်နှင့်ပတ်သက်၍ သက် ဆိုင်ရာလူကြီး၏ ခွင့်ပြုချက်ဖြင့် လုပ် ကိုင်နေသည်ဆိုသည်မှ လွဲ၍ မည်သည့် လူကြီးထံတွင် ခွင့်ပြုချက်တောင်းဆိုထား သည်ဆိုသည်ကို ဒေသခံများက အကြိမ် ကြိမ်မေးမြန်းခဲ့သော်လည်း ကုမ္ပဏီဘက် မှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
တနင်္သာရီမြစ်အတွင်း ရွှေတူးနေ သည့်ကိစ္စနှင့်ပတ်သက်၍ ခွင့်ပြုချက် ရှိ မရှိကို သတ္တုတွင်းဝန်ကြီးဌာန၊ နေပြည်တော် တွင် မေးမြန်းခဲ့ဖူးပြီး ခွင့်ပြုချက်ပေး ထားခြင်းမရှိသည်ကို သိရှိခဲ့ရကြောင်း ကရင် အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ် သော တာကပေါအဖွဲ့မှ နော်ပီသလောက ပြောခဲ့ဖူးသည်။
ရွှေတူးဖော်ရာမှ စွန့်ပစ်မြေစာများ ကြောင့် ရေလမ်းကြောင်းပြောင်းလဲပြီး စက်လှေများ သွားလာရန် အခက်အခဲ ဖြစ်လာနိုင်ခြင်း၊ မြစ်ချောင်းများတိမ် ကောလာနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေနိုင်ခြင်းတို့ကြောင့် ရွှေထွန်း ပေါက်ကုမ္ပဏီအား လုပ်ငန်းရပ်ဆိုင်း ပေးရန်နှင့် ပစ္စည်းများ ဖြုတ်သိမ်းသယ် ဆောင်သွားရန် အကြောင်းကြားပြီးဖြစ် ကြောင်း တိုင်းအစိုးရက KNU သို့ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

“ဒေသခံတွေကလည်း သဘော မတူဘူး။ တိုင်းအစိုးရကလည်း ခွင့်မပြု ဘူးဆိုတော့ ဘယ်လိုဆက်လုပ်လို့ရမ လဲ။ သူတို့အနေနဲ့ လုပ်ငန်းရပ်ပေးရမှာ ပေါ့” ဟု ဖဒိုဝင်းခိုင်က ပြောသည်။KNU နှင့် ရွှေထွန်းပေါက် ကုမ္ပဏီ တို့ တိုင်းအစိုးရစာပို့ပြီးချိန်မှ လက်ရှိ အချိန်အထိ မတွေ့ဆုံရသေးသော်လည်း ရပ်နားခိုင်းရန် အစီအစဉ်ရှိကြောင်း ဖဒိုဝင်းခိုင်က ပြောသည်။

“တူးနေသေးတယ်လို့ တော့ကြား တယ်။ အတိအကျတော့ မသိသေးဘူး” ဟု တနင်္သာရီမြစ်ကမ်းနံဘေး ကျေးရွာ တစ်ရွာဖြစ်သည့်သာရဘွင် ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ဒေသခံများ သဘောမတူခြင်း ကြောင့် ရွှေဆက်တူးဖော်ရန် အစီအစဉ် မရှိတော့ကြောင်းရွှေထွန်းပေါက် ကုမ္ပဏီ မှ တာဝန်ခံဖြစ်သူ ကိုချိုက ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက တနင်္သာရီမြစ် ကြောင်းတစ်လျှောက်ရှိ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးသည်။