ရေလုပ်သား မှတ်ပုံတင်မရှိခြင်းက ပြဿနာဖြစ်သည့်အခါ ကိုင်တွယ်ရခက်ဟုဆို

0
487

ရွှေ့ပြောင်းရေလုပ်သားများ ရေ လုပ်သား မှတ်ပုံတင်မရှိခြင်းက ပြဿ နာများ ဖြစ်လာသည့်အခါ သက်ဆိုင်ရာ ဌာနများအနေဖြင့် ကိုင်တွယ်ဖြေရှင်းရ ခက်ခဲကြောင်း ရဲအုပ်လင်းဇော်က ပြော သည်။

ရေးမြို့၊ သာသနာ ၂၅၀၀ စေတီ တော် ဓမ္မဗိမာန်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းရေလုပ်သားများကိစ္စ တွေ့ဆုံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရေလုပ်သားပြသနာက အမြဲလိုလို ဖြစ်နေတယ်။ ဖြစ်စဉ်အပေါ် လိုက်ရ တာလဲ ခက်ခဲတယ်။ ဘာကြောင့် ဆို တော့ မှတ်ပုံတင်မရှိဘူး။ ဘယ်သူ ဘယ်ဝါဆိုတာ မသိရဘူး။ လုပ်ငန်းရှင် တွေအနေနဲ့နီးစပ်ရာရဲကင်းတွေ၊ ရဲစခန်း တွေကို အကြောင်းကြား သင့်တယ်။ ဒါမှလည်း အလုပ်သမားက ဘယ်သူ ဘယ်ဝါ တရားခံပြေးလား၊ ရာဇဝတ်မှု ကျူးလွန်ခဲ့သူလား ဆိုတာ ကျွန်တော်တို့ သိရမှာ”ဟု ရဲအုပ်လင်းဇော်က ဆိုသည်။

ယင်းကိစ္စအတွက် သက်ဆိုင်ရာ ဦးစီးဌာနများ၊ ရေလုပ်ငန်းရှင်များ၊ ရေ လုပ်သားများနှင့် အဖွဲ့အစည်းများက အတူတကွ ပူးပေါင်းမှ အဆင်ပြေမည် ဖြစ်ကြောင်း ပါဝင်ဆွေးနွေးသူ နိုင်ငံ သားနှင့် နိုင်ငံရေး အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုအဖွဲ့က ဦးနေထွန်းက ပြော သည်။ပြီးခဲ့သည့်နှစ်က ပင်လယ်ပြင်တွင် သေမှုသေခင်း ၄၅ မှုအထိ ရှိသည်ဟု သိရကြောင်း ယင်းဆွေးနွေးပွဲကို စီစဉ်သူ လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်း ဆောင်သူများအဖွဲ့ဒါရိုက်တာ ကိုဂျင်မီ က ပြောသည်။

ရေးမြို့နယ်အတွင်း ကမ်းဝေး ငါး ဖမ်းလုပ်ငန်း ၁၇၁ စီး၊ ကမ်းနီး ငါး ဖမ်းလုပ်ငန်းစီးရေ၄၅၀ လုပ်ကိုင် နေပြီး နှစ်စဉ် ရေလုပ်သားလိုအပ်ချက်မှာ ၃၀၀၀ ခန့်ရှိနေကြောင်း ရေလုပ်ငန်း ရှင်များ ထံက သိရသည်။