လာမည့်လတွင် ရွှေကော့သောင်း ယာဉ်လိုင်း စတင်ပြေးဆွဲမည်

0
414

ရွှေကော့သောင်း ယာဉ်လိုင်း အသစ် ကို လာမည့် ဖေဖော်ဝါရီလမှစပြီး စတင် ပြေးဆွဲမည်ဖြစ်ကြောင်း ရွှေကော့သောင်း ကားအသင်း တာဝန်ခံထံမှ သိရသည်။
ဖေဖော်ဝါရီလ ပထမအပတ်က စတင်ပြေးဆွဲသွားမှာဖြစ်ပြီး၊ ကော့သောင်း မြို့မှ ထားဝယ်ထိ တိုက်ရိုက်ပြေးဆွဲ မည်ဖြစ်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“လောလောဆယ် ခွင့်ပြုချက် စတင် ထားတာက ကော့သောင်း၊ ဘုတ်ပြင်း၊ မြိတ်၊ ထားဝယ်ထိ စာတင်ထားတယ်၊ ဒါကြောင့် ထားဝယ်ထိတော့ တိုက်ရိုက် ပြေးဆွဲမယ်၊ ထားဝယ်ကျမှ ရန်ကုန်ခရီး သည်တွေကို (အခြား) အဆင့်မြင့် ကား ကြီးတွေနဲ့ ထပ်မံပို့ဆောင်ပေးသွားမယ်”ဟု ရွှေကော့သောင်း ကားလက်မှတ် အရောင်း တာဝန်ခံ ကိုစိုးမင်းက ပြော သည်။
ယာဉ်စီးခများကို ကော့သောင်း-ဘုတ်ပြင်း ၁၅၀၀၀ ကျပ်၊ ကော့သောင်း-မြိတ် ၂၅၀၀၀ကျပ်၊ ကော့သောင်း-ထားဝယ်၃၆၀၀၀ကျပ် သတ်မှတ်ထား ကြောင်း သိရသည်။ ရွှေကော့သောင်းကားအသင်းကို ကော့သောင်း ဒေသခံများက စုပေါင်း တည်ထောင်ထားသည့်အတွက် ရွှေကော့ သောင်း အမည်ခံထားခြင်းဖြစ်ကြောင်း သိရသည်။