ကျောင်းသားများ အဆိပ်သင့်ခဲ့သော အချိုရည်ဖြန့်သူကို ဝန်ခံကတိထိုးခိုင်း

0
382

ကျောင်းမုန့်ဈေးတန်းတွင် ဝယ် သောက်မိပြီးကျောင်းသူ၊ ကျောင်းသား များ မူးဝေအော့အန်မှုဖြစ်စေခဲ့သည့် ထိုင်းနိုင်ငံထုတ် RANGER အမှတ်တံ ဆိပ် ရက်လွန်အချိုရည်ဗူးများ ဖြန့်ချိခဲ့ သူကို နောက်ထပ် ထပ်မံမကျူးလွန်ရန် ဝန်ခံကတိ ထိုးခိုင်းခဲ့ကြောင်း ကော့သောင်း ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

distory_ranger

ရက်လွန်အချိုရည်ဗူးများ ဖြန့်ဖြူးခဲ့ သည့် ယင်းကုန်သည်ကို နောက်အလား တူ ဖြစ်ရပ်မျိုးကြောင့် မလိုလားအပ်သော ရောဂါဖြစ်ပွားမူမရှိစေရန်နှင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ (FDA) အသိအမှတ်မပြုရသေးသောစား သောက်ကုန်များနှင့် သက်တမ်းလွန်အစားအသောက်အချိုရည်များ ဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန်အတွက် အစိုး ရဌာနပေါင်းစုံရှေ့မှောက်တွင် ထိုသို့လက် မှတ်ရေးထိုးခိုင်းခဲ့ကြောင်း အထက်ပါ ရုံးဦးစီးအရာရှိထံမှ သိရသည်။

ကျောင်းသား ကျောင်းသူများမူး ဝေအော့အန်ပြီး ဆေးရုံတင်ပို့လိုက်ရပြီး နောက်အချိုရည်ဘူးများကို လိုက်လံသိမ်း ဆည်းခဲ့ကာ၊ သိမ်းဆည်းခဲ့သောအချိုရည် ဘူးဒါဇင် ၆၀ ကျော်ကို ဖျက်ဆီးခဲ့သည်။ရန်ကုန်ကို ပို့ဆောင်စစ်ဆေးထား သည်ဆိုသော အချိုရည်ဘူး၏ အဖြေရလာဒ်ကို မသိရသေးဘဲ ယင်း အဖြေအပေါ်မူတည်၍ အရေးယူ ဆောင် ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အထက်ပါဦးစီးအရာရှိက ဆိုသည်။

ယင်းအချိုရည်မှာ၂၀၁၂ခုနှစ်က တည်းက သက်တမ်းကုန်ဆုံးနေပြီးဖြစ် ပြီး မြတ်ဆရာပူဇော်ပွဲ ရန်ပုံငွေဈေးရောင်း ပွဲတော်တွင် လာရောက်ရောင်းချသည့် စင်းဂါးဘီယာကုမ္ပဏီမှ ဘီယာတစ်ပါ ကင်ဝယ်လျှင် ယင်းအချိုရည်ဗူးလက် ဆောင်အဖြစ် အခမဲ့ပေးခဲ့သည်ဟု ယင်း ကုန်သည်မှ ဝန်ခံခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုင်းနယ်စပ်မှတစ်ဆင့် အကောက် အခွန်မဲ့ စားသောက်ကုန်၊ ဟင်းသီးဟင်း ရွက်တို့ တိုင်းအတွင်း ဝင်ရောက်နေသော် လည်းအရေးယူမှု အားနည်းဆဲဖြစ်သည်။