ဘီးခွန်လာဆောင်သူနည်းသဖြင့် လမ်းတွင်တားကာ အခွန်ဆောင်ခိုင်း

0
417

ကော့သောင်းမြို့နယ်အတွင်း မောင်းနှင်းသွားလာနေသည့် မော်တော် ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ သည် မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဘီးခွန်လာဆောင်သူ နည်းပါးသော ကြောင့် လမ်းတွင်တားကာ ဘီးခွန်ဆောင် ခိုင်းရကြောင်း ကော့သောင်းမြို့နယ်စည် ပင်သာယာရေးရုံးထံမှ သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်ဘီးခွန်လာဆောင်သူလျာထားချက် မပြည့်မီနိုင်သောကြောင့် စည်ပင်ဝန်ထမ်း များမှ လမ်းတွင်သွားလာနေသည့်မော် တော်ယာဉ်နှင့် ဆိုင်ကယ်များကို တားကာဘီးခွန်ဆောင်ခိုင်းရခြင်းဖြစ်သည်ဟု အထက်ပါရုံးက ဆိုသည်။
“ရုံးကိုလာပြီး ဘီးခွန်လာမလုပ် တော့ လမ်းမှာဘီးခွန်မဆောင်ရသေးတဲ့ ဆိုင်ကယ်တွေ ကားတွေ ရပ်ခိုင်းပြီးဘီးခွန်ဆောင်ခိုင်းရတယ်” ဟု ဘီးခွန်လုပ် ဆောင်ပေးနေသည့် စည်ပင်ဝန်ထမ်း တစ်ဦးက ဆိုသည်။

ထိုသို့ တားဆီးကာဘီးခွန်ဆောင်ခိုင်းနေသော်လည်း ဆိုင်ကယ်ဦးထုပ်ဖမ်း သည်ဟုဆိုကာ ရှောင်ကွင်းသွားလေ့ ရှိသည်။
ဘီးခွန်နှုန်းထားမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တစ်နှစ်စာအတွက် ၃၅၀၀ ကျပ် ဖြစ်သည်။