ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ လေဆိပ်နှင့် ဘုရားကြီးတွင် အဓိက တာဝန်ထမ်းဆောင်

0
483

တနင်္သာရီတိုင်းအတွင်းရှိ တစ်ခု တည်းသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ (Tourist Police) သည် ထားဝယ်လေဆိပ်နှင့် ထားဝယ်မြို့၊ လောကမာရဇိန် (ဘုရားကြီး) ဝင်းအတွင်း အဓိက တာဝန်ထမ်းဆောင်နေကြောင်း ယင်းရဲတပ်ဖွဲ့ (ထားဝယ်) တပ်ဖွဲ့စိတ်ရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသွား အဝင်များသော အခြား နေရာများဖြစ်သော မောင်းမကန်ကမ်းခြေ၊ ရှင်မျှော်ဘုရား (အငူ) စသည့် နေရာများ ကိုလည်း ကား၊ ဆိုင်ကယ်များဖြင့် အလှည့်ကျလှည့်ကင်းလှည့်ကာ စောင့် ရှောက်ကူညီလျက်ရှိကြောင်း ထားဝယ် တပ်ဖွဲ့စိတ်ရုံးမှ ၎င်းက ဆိုသည်။
ယင်းအပြင် နိုင်ငံခြားသားများ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ မရေးထားသည့် ဘုရားများနှင့် မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အပြုအမူ များအား သိရှိစေရန် ရှင်းပြလျက်ရှိကာ နိုင်ငံခြားသားသာမကပြည်သူများ လို အပ်ချက်များကိုလည်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း အဆိုပါ တာဝန်ရှိ သူက ဆက်လက်ပြောဆိုသည်။
tourist_police
“ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံ ခြားသား ဝင်ထွက်မှုအဆင်ပြေစေရေး ကူညီဖို့ သက်သက်ပါ ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ထားဝယ်ဒေသရှိ နိုင်ငံခြားသား ခရီးသွားလုပ်ငန်း ကုမ္ပဏီများ အနေနှင့် လည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ထံ အချိန်မရွေး အကူ အညီတောင်းခံနိုင်ကြောင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ (ထားဝယ်)တပ်ဖွဲ့စိတ်ရုံးထံမှ သိရ သည်။ မြန်မာနိုင်ငံအတွင်း အခြားဒေသ များတွင် နိုင်ငံခြားသားများနှင့် ပတ်သက် ၍ ရာဇဝတ်မှုအချို့ ရှိခဲ့ပြီး ယင်းတပ်ဖွဲ့ ရှိလာခြင်းကြောင့် နိုင်ငံခြားသား ခရီး သွားများ လုံခြုံမှုရှိလာကာ ဒေသအား စိတ်ချယုံကြည်လာနိုင်ကြောင်း နိုင်ငံ တကာ ကုမ္ပဏီအချို့တွင် အလုပ်လုပ် ကိုင်ဖူးသော ထားဝယ်မြို့ခံ ဦးညွန့်နှင်း ကဆိုသည်။

“ဒေသအတွင်း ခရီးသွားလုပ်ငန်း ပိုတိုးတက်လာနိုင်မယ်ထင်တယ်” ဟု ဦးညွန့်နှင်း ကပြောသည်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၅ ဇွန်လ ကတည်းက ထားဝယ် ဒေသအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့် သည်များနှင့် ပတ်သက်သည့် အမှုအခင်း မရှိဖူးသေးကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် တပ်ဖွဲ့ဝင်အင်အား ၇ ဦးရှိပြီး မီးတန်းကား တစ်စီး၊ ဆိုင်ကယ် နှစ်စီးနှင့်စက်ဘီး နှစ်စီး တို့ဖြင့် တာဝန် ထမ်းဆောင်လျက်ရှိသည်။