မလိဝမ်းသို့ ပျော်ပွဲစား သွားသည့်ယာဉ် တိမ်းမှောက်

0
402

မလိဝမ်းသို့ ပျော်ပွဲစားသွားသည့် မော်တော်ယာဉ်တစ်စီး ဇန်နဝါရီလ ၃ ရက်က ကော့သောင်း – ဘုတ်ပြင်း လမ်းမကြီးဘက်စုံမွေးမြူရေး ခြံအနီး တွင် လမ်းဘေးထိုးကျပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ယင်းမော်တော်ယာဉ်တွင် ရွှေဇင်ယော် အ.လ.က (၂) မှ ဆရာမ ၆ ယောက်၊ ကျောင်းသူ/သား ၇ ဦး၊ ၃ နှစ်အရွယ် ကလေး ၁ ဦး လိုက်ပါလာပြီး ဆရာမ ၃ ဦး၊ကျောင်းသူ ၁ဦး၊ ကျောင်းသား ၃ ဦးနှင့် ၃ နှစ်အရွယ် ကလေး ၁ဦးတို့ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းအား ပြစ်မှု ပုဒ်မ ၃၃၈^၃၃၇ အရ စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း အထက်ပါ ရဲစခန်း ထံမှ သိရသည်။