မြန်မာအမျိုးသမီးတစ်ဦး ထိုင်းတွင် ကြိုးဆွဲချ သေဆုံး

0
392

ထိုင်းနိုင်ငံ၊စူစန်ဖူလီခရိုင်၊ ဆောင့် ဖနောင်းမြို့နယ် F&F ကြက်သား စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုး သမီး တစ်ဦးသည် ဇန်နဝါရီလ ၅ ရက် နေ့တွင်၎င်းနေထိုင်ရာ အခန်းအတွင်း ကြိုဆွဲချသေဆုံးမူ ဖြစ်ပွားခဲ့ကြောင်း ယင်းကြက်သားစက်ရုံတွင် အလုပ် လုပ် ကိုင်နေသည့် မြန်မာ အလုပ်သမားများ ထံမှ သိရသည်။

ယင်းအမျိုးသမီးမှာ အိမ်ထောင်ရှင် အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်ကာ ပေါင်းသင်းနေထိုင်ခဲ့ပြီး ကိုယ်ဝန်ရရှိ ချိန်တွင် ယောက်ျားဖြစ်သူက ရှောင်ပြေး သွားသောကြောင့် ယခုကဲ့သို့ အဆုံးစီရင် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းမသေဆုံးမီ ရေး သားထားသည့် စာများကို တွေ့ရှိခဲ့ သည်ဟု F&F ကြက်သားစက်ရုံတွင် အလုပ်လုပ်နေသည့် ဒေါ်ထွေးငယ်က ဆိုသည်။

သေဆုံးသူအမျိုးသမီးမှာ ပဲခူးတိုင်း ဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဇီးပင် ကုန်းကျေးရွာ အုပ်စု၊ ကျောက်ကုန်း ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မိဘများ နှင့် ယနေ့အထိ အဆက်အသွယ် မရရှိ သေးကြောင်း MAT ဘန်ကောက်ရုံး တာဝန်ခံ ဦးစိုင်းအေးက ဆိုသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ထိုင်းရောက် နာရေးကူညီမူအသင်းမှ တာဝန်ယူ သဂြိုလ်ပေးပြီး မိဘများနှင့် အဆက်အသွယ်ရရန် လုပ်ဆောင်နေ သည်ဟု ၎င်းက ဆိုသည်။