၁၅ နှစ်အကြာတွင် သာဂရမြို့ ဟောင်းကို တတိယအကြိမ် ပြန်လည်တူးဖော်

0
708

ခရစ်နှစ် ၂၀၀၀ ခုနစ်ဝန်းကျင်က နောက်ဆုံး တူးဖော်ခဲ့သည့် ထားဝယ် ခရိုင်၊ ရေဖြူမြို့နယ်၊ မြို့ဟောင်းကျေးရွာရှိ သာဂရမြို့ဟောင်းကို တတိယအကြိမ် တူးဖော်နေပြီဖြစ်ကြောင်း တူးဖော်နေ သည့် ရှေးဟောင်း သုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန (ထားဝယ် ဌာနခွဲ)ထံမှ သိရသည်။

သာဂရမြို့ဟောင်း ဧရိယာအတွင်းရှိ ကုန်းအမှတ် SGR 1 ကို ၁၉၉၉-၂၀၀၀ ခုနှစ်တွင်လည်းကောင်း၊ ကုန်းအမှတ် SGR ၂ ကို ၂၀၀၀-၂၀၀၁ ခုနစ်တွင် လည်းကောင်း တူးဖော်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် နှစ်ပေါင်း ၁၅ နှစ်ကြာမှ ကုန်းအမှတ် SGR ၃ ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင် တူးဖော် ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
thargaya_old_city_15
“အခုတူးနေတာကတော့ ဘာဖြစ် မယ်ဆိုတာကို ကောက်ချက် မဆွဲနိုင်သေး ဘူး။ သာသနိက အဆောက်အအုံ တစ်ခုခု ဖြစ်ဖို့ ခန့်မှန်းတယ်”ဟု အထက်ပါတာဝန် ရှိသူက ဆိုသည်။

လက်ရှိ တူးဖော်နေသည့် ကုန်း အမှတ် SGR 3 တွင် အုတ်ရိုးများ၊ စဥ့်ထည် အပိုင်းအစများ၊ ပန်းကန်ကဲ့သို့ သောကြွေထည် အပိုင်းအစများ၊ သံ နှင့် ကြေးအပိုင်းအစ တစ်ခုစီကို တွေ့ရှိခဲ့ရပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။ယင်းကုန်းအမှတ် SGR ၃ ကို ဧရိယာ ၅ မီတာကွက် ၆ ကွက် သတ်မှတ်ကာ တူးဖော်လျက်ရှိကြောင်း သိရသည်။”တစ်လလောက်တူးမယ်လို့ တော့ သတ်မှတ်ထားတယ်။ ဒါပေမယ့် တူးဖော် ရရှိတဲ့ ကွင်းဆက်ပေါ်မှာ မူတည်ပြီး အချိန် က ဒီထက်ပိုကြာရင် ကြာသွားနိုင်တယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

နှစ်ပေါင်း ၁၅ နှစ်ကျော်ကြာမှ ပြန်လည်တူးဖော်ဖြစ်ခြင်းမှာ ဝန်ထမ်း အင်အား အခက်အခဲကြောင့် ဖြစ်ပြီး မြို့ဟောင်း ထိန်းသိမ်းရေး လုပ်ငန်းများ ကိုမူ ၂၀၁၂ ခုနှစ်တွင် မြို့ဟောင်းကျေးရွာ၌ ရုံးခွဲဖွင့်ချိန်မှ စတင် လုပ်ဆောင်လျက် ရှိကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

၁၉၉၉-၂၀၀၀ ခုနှစ်တွင် ပထမ အကြိမ် တူးဖော်စဉ်က အထူးသဖြင့် ခေါင်းလောင်းအသေးတစ်လုံး၊ ခေါင်း လောင်းဆံတစ်ခုနှင့် ခေါင်းလောင်း တွင် ချိတ်ဆွဲသည့် ညောင်ရွက်တို့ကို တွေ့ရှိ ခဲ့ရပြီး ၂၀၀၀-၂၀၀၁ ခုနှစ်တူးဖော်ရာတွင် ဗိသုကာလက်ရာ B ပုံသဏ္ဍာန်အုတ် များကို တွေ့ရှိခဲ့ရပြီး အုတ်များမှာ အရွယ် အစား တစ်ခုနှင့်တစ်ခု မတူညီကြကြောင်း တူးဖော်စဉ်က ပါဝင်ခဲ့သူတစ်ဦးထံမှ သိရ သည်။