မြိတ်တွင် ၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ လက်ပုံတူများ စုဆောင်း

0
418

မြန်မာနိုင်ငံတဝှမ်းရှိ ၈၈ အရေး တော်ပုံတွင် တက်ကြွ လှုပ်ရှားခဲ့သော နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ကိုယ်ရေး အချက်အလက်နှင့် ပုံတူလက် များကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ကောက်ယူခဲ့ကြောင်း စုဆောင်းသူ ဦး ထိန်လင်းထံမှ သိရသည်။

A SHOW OF HANDS အနု ပညာပြပွဲပြသမည့် နိုင်ငံရေး အကျဉ်းသား ဟောင်းများ၏ ကိုယ်ရေအချက် အလက် နှင့် လက်ပုံတူများကို နိုင်ငံနဲ့အဝှမ်း မြို့ ကြီးများတွင် စတင်စုဆောင်း ကောက်ခံ ခဲ့ရာ လက်ရှိတွင် ပုံတူလက် စုစုပေါင်း ၄၆၉ ချောင်း ရရှိနေပြီဖြစ်ကြောင်း ဦးထိန်လင်းက ပြောသည်။
“မြန်မာပြည်တွင်းမှာရှိတဲ့ ၈၈ အရေးတော်ပုံနှင့် နောက်ပိုင်းကာလမှာ တက်ကြွလှုပ်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်း သားများကို မြို့ကြီးအတော်များများမှာ တွေ့ဆုံပြီးတော့ အနုပညာ Project (စီမံကိန်း)တစ်ခုအနေနဲ့ ပြုလုပ်ပြီးတော့ ပြည်တွင်း ပြည်ပ မှာ သွားရောက်ပြသဖို့ စီစဉ်ထားတာပါ” ဟု ဦးထိန်လင်းက ရှင်းပြသည်။
a_show_of_hand
ဒီမိုကရေစီနိုင်ငံတစ်ခု ပေါ်ထွန်းရန် ကြိုးစားခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ၊ တိုက်ပွဲဝင်ခဲ့သည် သူများကို မှတ်တမ်းမှတ်ရာ အဖြစ် ကျန်ရစ်စေရန် စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။

အဆိုပါ A SHOW OF HANDS အနုပညာပြပွဲအတွက် မြိတ်မြို့နယ်တွင် နိုင်ငံရေးအကျဉ်းသားများ ၄ဦးကို ကောက် ယူခဲ့ပြီး၊ တိုင်းအတွင်း ကျန်ရှိသေးသည့် နိုင်ငံရေးအကျဉ်းသားများ ကိုလည်း ဆက်လက်ကောက်သွားဦးမည် ဖြစ်ကြောင်း သိရသည်။