ခွင့်ပြုချက်မဲ့ ပိုက်များဖြင့် ငါးဖမ်းနေ၍ ငါးမျိုးစိတ်များ ရှားပါးလာမည်ကို ဒေသခံရေလုပ်သားများ စိုးရိမ်

0
442

လောင်းလုံးမြို့နယ် သဘော့ဆိပ် ကျေးရွာ အနီးတဝိုက် ပင်လယ်ပြင်တွင် ဥပဒေအရ ခွင့်မပြုသည့် ငါးဖမ်းပိုက် များဖြင့် ငါးဖမ်းဆီးမှုများရှိနေသော ကြောင့် ငါးမျိုးစိတ်များ ရှားပါးလာ မည်ကို စိုးရိမ်ကြောင်း ဒေသခံရေလုပ် သားများက ဆိုသည်။

ငါးဖမ်းလှေအချို့သည် ကမ်းမှ ၅မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မီးထွန်း ကာ ဥပဒေအရ ခွင့်ပြုထားခြင်းမရှိသည့် ပိုက်ကွက် အစိပ်(ရေကြည်ငါးပိုက်)များ အသုံးပြုကာ ဖမ်းဆီးနေကြပြီး အဆိုပါ ငါးဖမ်းပိုက် အမျိုးအစားဖြင့် ဖမ်းဆီး ပါက ငါးသေးသေးလေး (ငါးသား လောင်း)များပါ ဖမ်းဆီးရမိနေသဖြင့် ရေရှည်တွင် ပင်လယ်ပြင်၌ ငါးများရှား ပါးလာမည်ကို စိုးရိမ်မိကြောင်း ဘဘော့ ဆိပ်ကျေးရွာမှ အသက်၅၀အရွယ် ရေလုပ်သားတစ်ဦးက ဆိုသည်။
“ထိုင်းနိုင်ငံလို ငါးရှားပါးလာမှာ စိုးရိမ်မိတယ်” ဟု အဆိုပါ ရေလုပ်သားက ပြောသည်။
အဆိုပါ မီးထွန်းငါးဖမ်းလှေများ သည် ကမ်းနီးပိုက်လှေငယ်များ၏ ငါး ဖမ်းပိုက်များကြားတွင် ဝင်ရောက် ဖမ်းဆီးနေသောကြောင့် တစ်နိုင်တစ်ပိုင် ငါးဖမ်းနေသည့် ပိုက်လှေငယ်များမှ ငါးဖမ်းပိုက်များ မကြာခဏ ဆုံးရှုံး နေကြရကာ ယင်းပိုက်တစ်ထုပ် တန်ဖိုး မှာ ကျပ်တစ် သိန်းခန့်ရှိကြောင်း ဒေသခံ ရေလုပ်သား တစ်ဦး ကဆိုသည်။

“ပိုက် ငါးထုပ်ဆုံးသွားတာ ဘယ် တိုင်လို့တိုင်ရမှန်းမသိဘူး”ဟု အထက်ပါ ရေလုပ်သားက ပြောသည်။
မီးထွန်းလှေ ကျောက်ဆူးကြိုး နှင့် ညှိပြီး ပိုက်လှေမှငါးဖမ်းပိုက်များ ဆုံးရှုံး သည့်အခါ လှေချင်းကပ်၍ ဝင်ပြောပါက လူကို ထိုးကြိတ်ခံခဲ့ရတာရှိသလို သက်ဆိုင် ရာဌာနအကုန်လုံးအား ငွေကြေးပေးထား ပြီးသားဖြစ်၍ မည်သူ့မှ ဂရုစိုက်စရာမ လိုဟု ဆိုကြောင်း ကိုယ် တွေ့ကြုံခဲ့ရသည့် အသက်၃၅နှစ်အရွယ် ရေလုပ်သားတစ်ဦး က ဆိုသည်။
“အရင်တစ်လက လှေချင်းကပ်ပြီး တက်ပြောတာ ရေထဲကန်ချခံရလို့ သက် ဆိုင်ရာ မြို့နယ်ငါးဦးစီးဌာနကို တိုင် ကြားခဲ့ပေမယ့် ဘာမှမထူးဘူး” ဟု အထက်ပါ ရေလုပ်သားက ပြောသည်။

အဆိုပါ မီးထွန်းငါးဖမ်းလှေများ တွင် ငါးဖမ်း ပိုက်နှစ်မျိုးတင်ဆောင် အသုံးပြုနေကြပြီး သက်ဆိုင်ရာ တာဝန် ရှိသူများ စစ်ဆေးသည့် အချိန်တွင် ကင်းမွန်ဖမ်းသည့် ပိုက်ကွက်အကြီးဖြင့် အစစ်ဆေးခံကြကာ တာဝန်ရှိသူများ ထွက်ခွာသွားချိန်တွင် ငါးအသေးလေး များပါမိသည့် ပိုက်ကွက်စိပ် (ပါကျင်း ကျန်ပိုက်)ဖြင့် ဖမ်းဆီး နေကြကြောင်း ၎င်းက ဆက်ပြောသည်။့

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ငါးလုပ်ငန်း ဦးစီးဌာနသို့ မေးမြန်းရာ ဌာန အနေဖြင့် ယင်းငါးဖမ်း ပိုက်ကွက် အစိပ်များဖြင့် ဖမ်းဆီးခြင်းကို ခွင့်ပြုထား ခြင်းမရှိသကဲ့သို့ ငွေကြေး တစ်စုံတစ်ရာ ရယူထားခြင်းလည်း မရှိကြောင်း ထား ဝယ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာန ခရိုင် ဦးစီးမှူးက ဆိုသည်။
“ရေလုပ်သားတွေအနေနဲ့ သက်ဆိုင် ရာ ရပ်^ကျေး အုပ်ချုပ်ရေးမှူးတွေဆီ တိုင်ကြားလို့ရသလို မြို့နယ်ငါးဦးစီးဌာန ကိုလည်း တိုင်ကြားနိုင်တယ်” ဟု ခရိုင်ဦးစီးမှူးက ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် တိုင်းအစိုးရအဖွဲ့မှ တာဝန်ပေးအပ်သည့် အချိန်များတွင်လည်း မြေပြင်ကွင်းဆင်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အဓိကအားဖြင့် တပ်မတော်(ရေ)မှ သတ်မှတ်စည်း ကမ်းဖြင့် ညီ^မညီ စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက် လျက်ရှိသည်ဟု အထက်ပါ ဦစီးမှူးက ပြောသည်။
ရေကြည်ငါးဖမ်းသည့် ပိုက်ကွက် အစိပ်(ပါကျင်းကျန်ပိုက်)များဖြင့် ဖမ်းဆီးပါက ရေကြည်ငါးသာမက တခြား ငါးပေါက်လေး တွေကအစ ဖမ်းမိသည့် အတွက် ရေရှည်တွင် ငါးမျိုး ပြုန်းတီးလာ နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြား သည်။

စက်တင်ဘာလခန့်က ယင်းပင် လယ်ကမ်းနီး တစ်လျှောက်တွင် မီးထွန်း ငါးဖမ်းလှေ အစီးရေ ၃၀ခန့်သာရှိရာမှ ယခုချိန်တွင် အစီးရေ ၁၀၀ ခန့် အထိ ရှိလာခဲ့ပြီး သဘော့ဆိပ်ကမ်းခြေမှ မျှော်ရစ်ကမ်းခြေအထိ ရှည်လျားသည့် ကမ်းခြေတစ်လျှောက်တွင် ရေကြည်ငါး အခြောက်လှမ်းသည့် နေရာများ ပြုလုပ်ထားကြကြောင်း ဒေသခံ ရေလုပ် သားများထံမှ သိရသည်။