စည်းကမ်းပျက် အဝေးပြေးယာဉ်များကို စတင် အရေးယူမည်ဟုဆို

0
421

ကော့သောင်းမြို့နယ်မှ မြိတ်၊ ထား ဝယ်မြို့များသို့ နေ့စဉ်ပြေးဆွဲနေသည့် အဝေးပြေးကားများအနေဖြင့် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်များကို မလိုက် နာပါက စတင် အရေးယူသွားမည်ဟု ကော့သောင်းခရိုင် ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် လိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။

အဝေးပြေးယာဉ်များအနေဖြင့် သတ်မှတ်ကုန်တန်ချိန်ထက် ပိုမိုတင် ဆောင်ခြင်း၊ ခရီးသည်တင် ကားပေါ်တွင် ကုန်စည်များ တင်ဆောင်ခြင်း၊ ကုန် ပစ္စည်း တင်သည့်ကားတွင် ခရီးသည် တင်ဆောင်ခြင်း၊ လုပ်ငန်းလိုင်စင် လုံးဝ မရှိသည့်ယာဉ်များ၊ သက်တမ်းလွန် ယာဉ်များ စသည့် သတ်မှတ်ချက်နှင့် မညီသည့် ယာဉ်များကို စစ်ဆေးတွေ့ရှိ ပါက အရေးယူမည်ဟု အထက်ပါဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုက ဆိုသည်။

” ကျွန်တော်တို့ ဌာနနဲ့အတူ ပူး ပေါင်းအဖွဲ့တွေ က မကြာခဏဆိုသလို စစ်ဆေးမှုတွေ လုပ်တယ်။ အခုတခါ မြေပြင်ဆင်းပြီး စစ်ဆေးလို့ စည်းကမ်း မလိုက်နာတဲ့ ယာဉ်တွေ တွေ့ရင်ကို ဒဏ်ငွေရိုက်တယ်” ဟု ၎င်းကဆိုသည်။

ခရီးသည် တင်ယာဉ်ဟုဆိုသော် လည်း ခရီးသည်နည်းပါးသည့် အခါ ကုန်ပစ္စည်းများတင်ပြီး ထွက်ခွာရသည့် အခါများရှိကြောင်း ခရီးသည်တင်ယာဉ် များ ကုန်စည်တင်ဆောင်သည့် ကိစ္စနှင့် ပတ်သက်၍ ၃ မိုင်အဝေးပြေးဝင်းမှ ဂိတ်မှူးတစ်ဦးက ဆိုသည်။

၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကော့ သောင်းမှ ပြေးဆွဲလျက်ရှိသည့် အဝေး ပြေးယာဉ်လိုင်း ၁၀ လိုင်း တိုးလာပြီး လက်ရှိပြေးဆွဲနေသည့် အဝေးပြေး ယာဉ် လိုင်း ၁၆ လိုင်း ရှိသည်ဟု ကော့သောင်း ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန ထံမှသိရသည်။