အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းနေတဲ့ ကော့သောင်းသူလေး နန်းရတီမှူး

416
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တနင်္သာရီ   ညီမအမည်နဲ့အသက်လေးပြောပြပေးပါ. . .
နန်းရတီမှူး အမည်ကနန်းရတီမှူးပါ၊အသက်က-၁၈ နှစ်ရှင့်. . .။

တနင်္သာရီ  အနုပညာလောကထဲဘယ်လိုဝင်ဖြစ်တာလဲ . . .။
နန်းရတီမှူး  ၁၀ တန်းအောင် တက္ကသိုလ်တက်တော့ သူငယ်ချင်းတစ်ယောက်က အဖော်စပ်တာနဲ့ ဝါသနာလည်းပါတော့ အန်တီမိုး(တင်မိုးလွင်)ရဲ့ သင်တန်းမှာ Cat Walk လျှောက် သင်တန်းစတက်ဖြစ်တယ်။ လက်ရှိကတော့ အန်တီဒေါ်မြင့်မြင့်ခိုင်(အကယ်ဒမီမြင့်မြင့်ခိုင်)တို့ ကျောင်း သရုပ်ဆောင်သင်တန်း တက်နေပါတယ်။ အဲလိုတက်နေရင်းနဲ့ MTV ရိုက်နေတဲ့ မအိမ့်နှိုင်းဟန်ကပရိုမိုးရှင်းပွဲတစ်ခု ရှိတယ်စမ်းလုပ်ကြည့်ပါလား ခေါ်တာနဲ့ ပထမဆုံ Kanbo ဖုန်းပရိုမိုးရှင်းမှာ စပြီး လမ်းလျှောက်ဖြစ်တယ်။ မလှနုထွန်းတို့လုပ်တဲ့Miss Tourism  ပွဲမှာတော့ ၂၀ ဦးထဲက ၈ ဦးရွေးတဲ့ အငအူန ဆုထဲမှာ ပါခဲ့ပါတယ်။

nan_yayimhu
တနင်္သာရီ လက်ရှိညီမသရုပ်ဆောင်ထားတာတွေဘာရှိလဲ . . .။
နန်းရတီမှူး ကိုသားကြီးရဲ့ပီယဆေးသီချင်း၊ sညမေန နဲ့ မဝိုင်းစုတို့တွဲဆိုထားတဲ့ ]]ခါချနေရတယ်}}သီချင်း၊ ဒီမို ဂျက်တူးနဲ့ဗေကြီးဆိုထားတဲ့ ” နေတတ်ပါတယ်”  တေးသီချင်းတွေမှာ သရုပ်ဆောင်ထားပါတယ်။ ပြီးတော့ ညနေ-၆ နာရီမှာ MRTဠ-၄ ကလွှင့်နေတဲ့ Hနalအ့ Fငထ အစီအစဉ်ရဲ့ အမေးအဖြေကဏ္ဍမှာလဲ သရုပ်ဆောင်ထားပါတယ် ။

တနင်္သာရီ နောက်ထပ်ညီမနဲ့အနုပညာလုပ်ငန်းတွေလုပ်ဖို့ကမ်းလှမ်းထားတာ
တွေရှိလား၊
နန်းရတီမှူး ဟုတ်ကဲ့ ရွှေနိုင်ငံအမည်နဲ့ ဒီဇိုင်းဖက်ရှင်စာအုပ် ထုတ်နေတဲ့အဖွဲ့ ကတော့ကမ်း လှမ်းထားတာရှိပါတယ်။ မြန်မာဝတ်စုံဖက်ရှင်တွေဝတ်ပြီးမော်ဒယ်လ်လုပ်ပေးရမှာပါ။

တနင်္သာရီ အနုပညာလုပ်ငန်းကို ဘယ်လောက်ထိလုပ်သွားမယ်လို့ ရည်ရွယ်ထားလဲ။
နန်းရတီမှူး လောလောဆယ်ကျောင်းတစ်ဖက်နဲ့ဆိုတော့၊ ကျောင်းပြီးရင်တော့ပိုပြီး လုပ်နိုင်မှာပါ၊ ဘ၀ရပ်တည်မှုလုပ်ငန်းတစ်ခုအဖြစ်နဲ့လုပ်သွားဖို့ရွယ်ထားပါတယ်။