တားမြစ်ထားသော်လည်း ရေနဂါး ဈေးကွက်ရှိဆဲ

0
1744

ငါးလုပ်ငန်း ဦးစီးဌာနမှ တားမြစ် ထားသည့် ရေနဂါးများ ရှားပါးလာ သော်လည်း လက်ရှိအချိန်အထိ ဈေး ကွက်ရှိဆဲဖြစ်ကြောင်း မြိတ်အခြေစိုက် ရေလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

လွန်ခဲ့သည့် ၄ နှစ်ခန့်က ရေနဂါး များကို လှေတိုင်းတွင် ဖမ်းမိပြီး အကြီး တစ်ကောင် ကျပ် ၂ သောင်းခန့်အထိ ပေါက်ဈေးရှိသော်လည်း လက်ရှိတွင် ရှားပါးလာကြောင်း မြို့သစ်ရပ်နေ ဝါလတ် ငါးဖမ်းလှေလုပ်သား ဦးဝင်းနိုင်က ပြော သည်။” အခုက သိပ်မမိတော့ဘူး၊ အရ နည်းလာတော့ ဝယ်တဲ့သူတွေက တစ် ကောင်ကို အများဆုံး ကျပ် ၃၀၀၀၀ အထိ ပေးပြီး လိုက်ဝယ်ယူနေကြတယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။
water-nagar
အရွယ်အစားသေးသည့် ရေနဂါး များကို ပလစ်စတစ် ကြုပ်သွပ်ပြီး လည် ဆွဲ ပြုလုပ်ကြလေ့ရှိကာ တစ်ကောင်ကို ငွေ ၅၀၀ မှ ၁၀၀၀ ကျပ် အကြားနှင့် ထိုင်းနှင့် တရုတ်ဈေးကွက်အထိ တင်ပို့ ရောင်းချနိုင်သည့် အကောင် အကြီး ၆ လက်မနှင့် အထက်ဘက်ရှိ ရေနဂါးတစ် ကောင်ကို အနည်းဆုံး ကျပ် ၂၀၀၀၀မှ အများဆုံး ကျပ် ၃၀၀၀၀အထိ ဈေးရရှိနေ ကြောင်း ရေလုပ်သားတစ်ချို့ထံမှ သိရ သည်။
ရေနဂါးများကို ကမ်းဝေး လှေတစ် မျိုးဖြစ်သည့် ဝါးလတ် ငါးဖမ်းလှေ တစ် ချို့မှ ဖမ်းဆီးရမိလေ့ရှိကြပြီး လှေတစ်စီး တွင် အနည်းဆုံး အကောင်ရေ ၂၀ ခန့်မှ အများဆုံး ၁၀၀ ကျော်အထိ ဖမ်းဆီးရရှိ ကြကြောင်း ၎င်းတို့က ပြောသည်။

ဈေးကွက်ရှိနေသည့်အပြင် ရေနဂါး ရောင်းရငွေကို ရေလုပ်သားများအား အပိုဆုကြေးအဖြစ် အချိုးကျ ခွဲပေးလေ့ရှိ သည့်အတွက် ဖမ်းမိသည့်ရေနဂါးများကို ပြန်လွှတ်ရန်လည်း မဖြစ်နိုင်ဟု ရေလုပ် သား တစ်ဦးဖြစ်သူ ဦးနောင်လွင်က ရှင်းပြသည်။
“ရေနဂါးကို သီးသန့်ဖမ်းတဲ့ လှေမျိုး တော့ မရှိပါဘူး၊ ဝါလတ်လှေ တချို့မှ မတော်တဆ ပါလာတဲ့ တစ်ကောင် နှစ်ကောင်အစမှ စုဆောင်းပြီး အရောင်း အဝယ်လုပ်တာ ရှိနိုင်ပါတယ်” ဟု မြိတ် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

ငါးလုပ်ငန်း ဦးစီးဌာနက စီးပွားဖြစ် အရောင်းအဝယ် ပြုလုပ်ရန် ခွင့်မပြုထား ဟုဆိုသော်လည်း အရောင်းအဝယ် ဈေး ကွက်ရှိနေပြီး ကောင်ရေတစ်ကောင် နှစ်ကောင်မိသည့် ရေလုပ်သားများကို အရေးယူရန်မှာလည်း မဖြစ်နိုင်ဟု အထက် ဌာနမှ တာဝန်ရှိသူက ပြောသည်။
ရေနဂါးများအပြင် မျိုးတုန်းရှားပါး ပျောက်ကွယ် လုနီးပါးဖြစ်နေသော ပင်လယ်လိပ်၊ လင်းပိုင်၊ ဝေလငါး၊ ရေဝက်၊ ရေအောက် သန္တာကျောက်တန်း ကျောက်ခက်များနှင့် မည်သည့် ငါးမန်း မျိုးကိုမဆို ဖမ်းဆီးခြင်း၊ ဝယ်ယူ စုဆောင်း ခြင်း၊ ရောင်းဝယ်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ငါးလုပ်ငန်းဆိုင် ရာ ပညာပေး နှိုးဆော်ချက် လက်ကမ်း စာစောင်တွင် ဖော်ပြသည်။
အထက်ပါ ငါးလုပ်ငန်း ဦးစီး ဌာနမှ တားမြစ်ထားသည့် ရှားပါးရေသတ္တဝါ များကို ရှာဖွေခြင်း၊ စုဆောင်းခြင်း၊ စီးပွား ဖြစ် အရောင်း အဝယ် ပြုလုပ်မည်ဆိုပါက ပုဒ်မ ၄၄ အရ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ် ၃ သိန်းဖြစ်စေ ဒဏ်နှစ်မျိုး စလုံးဖြစ်စေ ပြစ်ဒဏ်များခံရနိုင်သည် ဟု မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။