ကိုင္ဖမား

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ယိုးဒယားကို ရောက်ခဲ့တာ ၁၀ ခါ လောက်ရှိပါပြီ။
နယ်စပ်ဂိတ်တွေကနေ အဓိက ရောက်ပါတယ်။ ရက်ရှည်အနေနဲ့ ၃ ခေါက်ရှိပြီ။ ရောက်တဲ့ နေရာအတော် များများမှာ ကြက်နှစ်ကောင် ရုပ်တွေ တွေ့ရတယ်။ အထူးသဖြင့် နတ်ကွန်း တွေ၊ ကိုးကွယ်ယုံကြည်ရာနေရာတွေ၊ အထင်ကရ အဆောက်အဦးတွေ ရှေ့မှာ ကြက်ရုပ် နှစ်ရုပ်ကို တွေ့ရတယ်။

ဒီတစ်ခေါက် လေ့လာရေး သွား တော့လည်း မြို့ဟောင်းတွေမှာ တွေ့ရ တယ်။ အထူးသဖြင့် အယုဒ္ဓယမြို့ ဟောင်းကို ရောက်တဲ့အခါမှာပါ။ ရှင်ဘု ရင် ရုပ်တုတစ်ခုမှာ ကြက်ရုပ်တွေ ရာချီ လုပ်ထားတာ တွေ့တယ်။ မနေနိုင်တာနဲ့ ဦးဆောင်ပြီး လိုက်ရှင်းပြနေတဲ့ ဆရာမ ကို သေချာအောင် မေးကြည့်မိတယ်။
ဆရာမက ပြုံးပြုံးကြီး ပြန်ဖြေ တယ်။ နရစွမ် ဘုရင်ရဲ့ ကြက်ပါ။ ကိုင်ဖမားလို့ ခေါ်တယ်။ ” ကိုင် ” က ကြက်၊ ” ဖမား ” က ဗမာ၊ ဗမာလိုဆိုရင် ဗမာကြက်၊ တနည်းဆိုရရင် ဗမာ တိုက်ကြက်။kai-phamar
ဇာတ်လမ်း နည်းနည်း ရှင်းပြဖို့ ပြောတော့ ယိုးဒယားမှာ အရမ်းနာမည် ကြီးတဲ့ နရစွမ် ရုပ်ရှင်ကြည့်ဖူးလား ပြန် မေးတယ်။ ကြည့်ဖူးတယ်ပြောတော့ အဲဒီရုပ်ရှင်ကားနဲ့ ယှဉ်ပြီး ရှင်းပြတယ်။
ဒီဇာတ်လမ်းထဲကအတိုင်း နရစွမ် က ကြက်တိုက် ဝါသနာပါတယ်။ နရစွမ် ရဲ့ ကြက်ကို ယိုးဒယားတစ်ခွင်မှာ ဘယ် ကြက်မှ မနိုင်ဘူး။ ဘာဖြစ်လို့လဲဆို တော့ နရစွမ်ကြက်က ဗမာပြည်က ယူလာတဲ့ တိုက်ကြက်။ နရစွမ်ဘုရင်က လည်း ဗမာပြည်ရောက် ပညာသင်ပြီး ဗမာပြည်ကိုလာပြီး ရမ်းရဲတဲ့ တစ်ဦး တည်းသော ယိုးဒယားဘုရင် ဖြစ်တယ်။ ယိုးဒယားတွေအနေနဲ့ သူရဲကောင်း။

ဒါကြောင့် ယိုးဒယားတွေအနေနဲ့ နရစွမ်ဘုရင်ကို ပူဇော်တဲ့အခါ နရစွမ် ဘုရင် သိပ်ကြိုက်တဲ့ တိုက်ကြက်နဲ့ ပသတယ်။ လောကီပညာအရ အန္တရာယ် ကင်းတယ်။ ဘေးရှင်းတယ်။ အတိုက် ကောင်းတယ်၊ အခံကောင်းတယ်ဆိုပြီး တော့လည်း ပူဇော်ကြတယ်လို့ ရှင်းပြပါ တယ်။
ယိုးဒယားတွေ လောကီပညာကို အယုံအကြည်ကြီးတာ သိကြပါတယ်။ ကိုင်ဖမားက အစောင့်အရှောက် ကြီး တယ်လို့လည်း ယုံကြည်ကြတယ်။ ကိုင် ဖမားရဲ့ အဓိက လက္ခဏာက တိုက် ကြက်အမြီးမှာရှိတဲ့ အပေါ်ဆုံးနဲ့ အရှည်ဆုံး အမွေးက အဖြူရောင်လို့ သိရတယ်။ နရစွမ်ဘုရင်ရဲ့ စစ်အောင်နိုင် မှု ပြယုဂ်တစ်ခု အနေနဲ့လည်း တွေ့ရ တယ်။ ယိုးဒယား-ကမ္ဘောဒီးယား နယ်စပ်က မြို့ဟောင်း တစ်ခုအနီးမှာဆို ကြက်ရုပ်ကြီးတွေက လူတစ်ရပ်မကကြီး တာ တွေ့ရတယ်။
ဘာသာစကား လေ့လာမှုအရ ထိုင်း တွေကို ဗမာတွေက ယိုးဒယား၊ ထားဝယ် တွေက ရှမ်း၊ ပညာရှင်တွေက တိုင်လို့ ခေါ်တယ်။ မင်းတို့ ဘာလို့ ဗမာ ကို ဖမားလို့ခေါ်လည်း မေးကြည့်မိတယ်။ ဘာသာဗေဒကို လေ့လာနေတဲ့ ဆရာ တစ်ဦးက ဖမားဆိုတာ ဗမာပါပဲ။ ပ၊ဖ၊ဘ၊ဗ၊မ ဝဂ် အရ အသံပြောင်းသွား တယ်။ ယိုးဒယားလေသံနဲ့ ပြောတဲ့အခါ ဖမား ဖြစ်သွားတာပါတဲ့။

ကိုင်ဖမား ဇာတ်လမ်းနဲ့ ခပ်ဆင်ဆင် ဇာတ်လမ်းက ဗမာမှာလည်း ရှိပါတယ်။ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း၊ ဝင်း ၃၇ မင်း ဒီ၃၇မင်း နတ်တွေထဲမှာ လူသိများ၊ လူကြိုက်များတဲ့ ပခန်း မင်းကြီးဆိုတာ ရှိတယ်။ ကိုကြီးကျော်လို့ ခေါ်ကြတယ်။ နတ်ပွဲ တစ်ခုကတဲ့အခါ ပွဲအစ၊ ပွဲအလယ်၊ ပွဲအဆုံးကို ပခန်း မင်းကြီး နတ်ဝင်တယ်။ ဆရာ ခင်မောင်သန်း (စိတ်ပညာ)ရဲ့ ရိုးရာ နတ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းများ စာအုပ်မှာ ကြက်တိုက်သူများ ပသသည့် နတ်လို့ ညွှန်းတယ်။ ခေတ်ကာလကို အတိအကျ မသိရဘူး။ ပန်းတောင်ပြည်ခေတ်လို့ ဆိုတယ်။ ပုဂံသိန်းခွန်မင်းရဲ့ သားလို့ လည်း နတ်ဒိုးမှာ ပါတယ်။ အင်းဝ ဘုရင်မင်း ခေါင်ရဲ့ သားမင်းရဲကျော်စွာလို့ လည်းဆိုတယ်။ အလောင်းစည်သူ ခေတ်လို့ လည်း ဆိုတယ်။
သောက်တော်ဘူးရယ်နဲ့ ” အိုမကွာ” ” အိုမကွာ” ဆိုတဲ့ နတ်ချင်းတီးပေးပြီး ထန်းရည်နဲ့ ကြက်ကြော် ကြိုက်တယ်။ ခေတ်မီလာတော့ ထန်းရည်နေရာမှာ ဝီစကီနဲ့ ပူဇော်တယ်။ နတ်ပွဲတွေမှာ ကိုကြီးကျော်နတ်ဝင်ပြီး ကတဲ့အခါ အထင်ရှားဆုံး ကကွက်အနေနဲ့ ကြက် တိုက်ပါတယ်။ ကျွန်တော် ပြောချင်တာ က ဗမာလည်း ကြက်တိုက် ဝါသနာကြီး တယ်လို့ ဆိုချင်တာပါ။ ကိုကြီးကျော် လည်း မြင်းစီးသိပ်ကောင်းပြီး သူရဲကောင်း တစ်ဦး ဖြစ်ခဲ့တယ်။
ထားဝယ်ဘက် ကြည့်တဲ့အခါ ထားဝယ်ရိုး ကြက်ကိုးလို့ အဆို ရှိတယ်။ ဒီဇာတ်လမ်းက ဝေဒီမြို့ဟောင်းနဲ့ ဆက်စပ် တယ်လို့လည်း ဆိုတယ်။ လောင်းလုံး မြို့နယ် သဗျာကျေးရွာမှာ နတ်သုံးပါး အရုပ်နဲ့ နတ်စင် ရှိပါတယ်။ နတ်ရုပ်နဲ့ တစ်ရုပ်ရဲ့ဘေးမှာ ကြက်ရုပ် ရှိပါတယ်။ မောင်ဗအဲနတ် လို့လည်း ဆိုတယ်။ ဒီနတ်ကို ပူဇော်တဲ့အခါ ကြက်အရှင်နဲ့ ပူဇော်ရတယ်။ ဆရာကြီး ရွှေဝယ်ဧအဆို အရ ဝေဒီကို ကောဇော သက္ကရာဇ် ၇၉၂ခု (ခရစ် ၁၄၃၀ခု)မှာ တည်တယ်လို့ တွေ့ရ တယ်။
နောက် ထားဝယ် ဇာတ်လမ်းတစ်ပုဒ် က မုတ္တီးမြို့ကို တည်တဲ့ မင်းတရားဇာတ် လမ်း ဖြစ်ပါတယ်။ အင်းဝမှာ ဘုရင် ဖြစ်မယ့် မင်းခေါင်ဟာ ငယ်စဉ်က ထားဝယ်ကို ရောက်ကြောင်း ဆိုတယ်။ ထားဝယ်မှာ ဆန်းချီကျေးရွာက ဆံရှည် သူမနဲ့ အကြောင်းပါပြီး သားတစ် ယောက် ရတယ်။ ဒီသားမမွေးခင် မင်း ခေါင်က အင်းဝကို ပြန်သွားတယ်။ သားကလည်း ဖခင်ဖြစ်တဲ့ ဘုရင်မင်း ခေါင်ကို သွားရှာတဲ့အခါ တိုက်ကြက် တစ်ကောင်ယူ သွားပြီး ကြက်တိုက်တဲ့ အကြောင်း တွေ့ရတယ်။ တိုက်ကြက်က အမြဲနိုင်တယ်။ ဘုရင်မင်းခေါင်က ခေါ် တွေ့တော့ သားမှန်းသိလို့ ထားဝယ် ကို မြို့စားပေးတယ်။
သမိုင်း အထောက်အထားအနေနဲ့ ထားဝယ်မှာ ကြက်တံဆိပ်ပါတဲ့ ဒင်္ဂါး ပြားတွေ တွေ့ရပါတယ်။ ဗမာစာနဲ့ မဟာသုခံ သက္ကရာဇ် ၉၇၁လို့ ထင်ရတဲ့ အရေးအသား ပါတယ်။ သက္ကရာဇ် ၉၇၁ဆိုရင် ခရစ်နှစ် ၁၆၀၉ ခုနှစ်ဖြစ် တယ်။ ဗန္ဒုစက်တွေ ဝိုင်းဆွဲထားတယ်။ ပြီးတော့ ကြက်မင်းစေတီဆိုတဲ့ ကြက်သံ ဒိုင်းစေတီဟာလည်း ထင်ရှားတယ်။ မြတ်စွာဘုရားရှင် ကြက်မင်းဘ၀က ကျင်လည် ကြက်စားခဲ့ပြီး အသောကမင်း ကြီး တည်ထား ကိုးကွယ်ခဲ့တယ်လို့ ဆိုတယ်။ အင်္ဂလိပ်လက်ထက်က ထားဝယ်ကို နံနှိမ်တဲ့အနေနဲ့ ကြက်သံ ဒိုင်းစေတီ အနီးမှာ သင်္ချိုင်းလုပ်ခဲ့တယ်လို့ သိရတယ်။ ပြီးတော့ ကြက်စားပြင်၊ ကြက်ယက်တွင်း၊ ကြက်လွတ်ဆိုတဲ့ ဒေသတွေလည်း ရှိပါတယ်။ ဆရာကြီး ထားဝယ် ကျော်မင်းစာအုပ်မှာ နောင်ကြီး သာရဲ့ ကြက်ကောင်း ပုံပြင်တစ်ပုဒ် လည်း ရှိသေးတယ်။
ဆရာကြီး ရွှေဝယ်ဧရဲ့ စာအုပ်မှာ ကြက်ကျွမ်းကျင်သူတွေရဲ့ ဘုတ်မွေးရင် သက်၊ တက်နက် မောက်ဝန်း တောင် ပံ့ဖြူလို့ ဆိုရိုးရှိကြောင်း၊ တိုက်ကြက် ကောင်းတစ်ကောင်ရဲ့ အမှတ်သင်္ကေတ အရ (၁) ရင်ဘတ်မှာ ဘုတ်ငှက်ကဲ့ သို့ အမွေးအရောင်ရှိခြင်း၊ (၂) အတက် မည်း နက်ခြင်း၊ (၃) အမောက်ချွန်းခြင်း၊ (၄) အမြီးဝိုင်းခြင်းနဲ့ (၅) တောင်ပံ့ဖြူခြင်း တို့ဆိုပြီး သတ်မှတ်တယ်။
ယိုးဒယားနရစွမ် ဘုရင်က ခရစ် (၁၅၉၀- ၁၆၀၅)ခု၊ အထက်ဗမာပြည် ပခန်းမင်းကြီး ကိုကြီးကျော်နတ်က (ခုနှစ်မသိ)၊ ထားဝယ်ခရိုင် လောင်းလုံး မြို့နယ် ဝေဒီမြို့ဟောင်းရှိ မောင်ဗအဲနတ် က ခရစ်(၁၄၃၀)ခု နောက်ပိုင်း၊ ထားဝယ်မြို့ နယ် မုတ္တသုခနာဂရမြို့တည် မင်းတရားက ခရစ် (၁၄၁၇)ခု၊ ကြက် တံဆိပ်ပါ စာအရ ခရစ် ၁၆၀၉ခုနှစ် ဆိုပြီး တွေ့ရတယ်။ အသောက မင်းကြီးတည်တဲ့ ကြက်သံဒိုင်း စေတီက တော့ ရှေးသိပ်ကျပါတယ်။
အနှစ်ချုပ်ပြောရရင် ဗမာ၊ ထား ဝယ်၊ ယိုးဒယားတွေမှာ တိုက်ကြက်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ ရှိတယ်။ ပခန်းမင်းကြီး (ကိုကြီးကျော်)ကလွဲရင် ခရစ်နှစ်တွေကလည်း သိပ်မကွာပါဘူး။ ဓလေ့တွေ၊ စိတ်သဘောထားတွေ တူညီ ကြတဲ့အတွက် ရှေးရှေးကတည်းက အတူ တကွ နေထိုင်ခဲ့ကြပြီး ကူးလူးဆက် ဆံခဲ့ကြတယ်။
ပညာရှင်တစ်ဦးရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ တောကြက်ကို အိမ်ကြက် (အယဉ်)ဖြစ်အောင် ပထမဆုံးမွေးမြူခဲ့တာ မြန်မာပြည်လို့ ဆိုတယ်။ အခုချိန် ထိ ထားဝယ်မှာ တောကြက်တွေကို ဖမ်း ဆီးရနေတုန်းရှိသလို ရိုးရာမပျက် ကြက် ဝိုင်းတွေလည်း စည်ကားလျက်ရှိဆဲ။
တောကြက်နဲ့ တိုက်ကြက်တွေ ထိန်းသိမ်းမွေးမြူပြီး ကမ္ဘာကို ပြချင် မိပါတယ်။