အိုးလုပ်မီးလောင် မြေကွက်အတွင်း လမ်းကျဉ်း တချို့ချဲ့မည်

0
591

ထားဝယ်မြို့ရှိ အိုးလုပ်ရပ်ကွက် အတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည့် မြေကွက်အတွင်း လမ်းကျဉ်းအချို့ကို ချဲ့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။


ယင်းရပ်ကွက် အလယ်လမ်းမကို ဆယ်သွယ်သည့် ယခင်က လမ်းကျဉ်း ၃ လမ်းနှင့် သိဒ္ဓိလမ်းကို ဆက်သွယ် သည့် လမ်းတစ်လမ်းကို ow-lote-fireချဲ့ရန်နှင့် သိဒ္ဓိလမ်မှ အိုးလုပ် အ.မ.က ကျောင်း ဘက်သို့ အသစ်ဖောက်လုပ်ရန် လမ်း များကို သတ်မှတ်တိုင်များဖြင့် သတ် မှတ်ထားပြီးဖြစ်ကြောင်း အထက်ပါ စည်ပင်သာယာရေးအဖွဲ့ထံမှ သိရ သည်။
” လမ်းချဲ့ဖို့မြေကို အားလုံးက ဝိုင်းလှူကြပါတယ်၊ ၃ ပေ၊ ၄ ပေအထိ လှူတဲ့သူတွေလည်း ရှိတယ်။ လမ်း အတွက်ပါသွားတဲ့ အိမ်ကိုလည်း တချို့ အိမ်က မြေပြန်မျှပေးတာလည်း ရှိတယ် ” ဟု ထားဝယ်မြို့နယ် စည်ပင် မှ အမှုဆောင်အရာရှိ ဦးအောင်ကျော် မျိုးက ပြောသည်။
ယခင် ၅ ပေခွဲခန့်သာ အကျယ်ရှိ သည့် လမ်းကို ၁၀ ပေလမ်းအဖြစ် လည်းကောင်း၊ ယခင်က ၃ ပေခွဲခန့် သာရှိသော လမ်းကို ၈ ပေလမ်းအဖြစ် လည်းကောင်း၊ ယခင်က ၇ ပေခန့်ရှိ သည့်လမ်းကို ၁၂ ပေ အကျယ်လမ်း အဖြစ် လည်းကောင်း တိုးချဲ့ရန် သတ် မှတ်ထားပြီးဖြစ်ကြောင်း ၎င်းက ဆို သည်။

” လမ်းဖောက်ဖို့ တော်တော်များ များ ပေးလိုက်ရတယ်။ ကျောင်းဘက်မှာ တော့ တချို့အိမ်တွေ မြေပြန်မျှပေးတာ ကြားတယ် ”  ဟု မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသူတစ်ဦးက ပြော သည်။
လမ်းချဲ့ရန်အတွက် နယ်နိမိတ် တိုင်များကို အတိအကျ သတ်မှတ် ထားပြီးဖြစ်ပြီး နေအိမ်များ ဆောက်လုပ် ပြီးစီးပါက ကွန်ကရစ် လမ်းခင်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရ သည်။
လမ်းချဲ့ရန် လှူခဲ့သည့် နေအိမ် များကို ဂရမ်မြေများကို သီးခြားပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။