ကော့သောင်းတွင် တစ်နှစ်သား ကလေးနှင့် မိခင် အသတ်ခံရ

0
849

တနင်္သာရီတိုင်းဒေသကြီး ကော့သာင်းခရိုင် မဏ္ဍိုင်မြို့ မဏ္ဍိုင်ရပ်ကွက် ဥယျာဉ်ခြံတစ်ခြံတွင် တစ်နှစ်သား အရွယ်ကလေး ငယ်တစ်ဦးနှင့် မိခင်ဖြစ်သူ
အသတ်ခံရမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မဏ္ဍိုင်ကျေးရွာ သားများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၉ ရက်နေ့ တွင် အသတ်ခံရသူ၏ အမျိုးသားဖြစ်သူ တောင်ယာခုတ်ပြီး တဲသို့ ပြန်လာစဉ် ဇနီးဖြစ်သူမှာ တဲအနောက်ဘက်တွင် မျက်ခုံး
မေးစေ့တို့တွင် ပြတ်ရှ ပေါက်ပြဲဒဏ်ရာ များဖြစ် မှောက်လျှက်သေဆုံးနေပြီးသားဖြစ်သူမှာ စမ်းချောင်းအနီး မေးစေ့နှင့် လည်ပင်းတို့တွင် ပြတ်ရှ
ဒဏ်ရာများနှင့်သေဆုံးနေ သည်ကို တွေ့ရှိရသောကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားကာ တိုင်ကြားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

အမျိုးသားဖြစ်သူ မရှိခိုက် အမျိုးသမီးအား ကာမရယူရန် ကြိုးစားရာမှ ရုန်းကန်မှုဖြစ်ကာ အသတ်ခံရမှုဖြစ် နိုင်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သုံးသပ်ဝေဖန် ပြောဆိုထားသည်။

ပြစ်မှုကျူးလွန်သည့် တရားခံ ဖမ်းဆီးနိုင်ရေး စုံစမ်းဖော်ထုတ်နေပြီးမဏ္ဍိုင်မြို့မရဲစခန်းတွင် (ပ) ၄/  ၂၀၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်တိုင်းတန်းထားကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။