ထားဝယ်၊ မြိတ်နှင့် ကော့သောင်းတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၂၀ မှ ၅၀ အထိ ဈေးကျ

0
844

ကမ္ဘာ့ရေနံဈေးကျဆင်းပြီး လချီကြာပြီးနောက် ထားဝယ်နှင့် မြိတ်တွင်လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၅၀ စီနှင့် ကော့သောင်းတွင် တစ်ယူနစ် ၂၀
အသီးသီးလျော့ချ ကောက်ခံမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားကုမ္ပဏီများထံမှ သိရသည်။

ဇန်နဝါရီလအတွက် မီတာခနှုန်း ထားကို ထားဝယ်တွင် ကျပ် ၄၃၀ မှ ၃၈၀သို့လည်းကောင်း၊ မြိတ်တွင် ၄၂၀ မှ ၃၇၀ ကျပ်သို့လည်းကောင်း အသီးသီး
လျော့ချ ကောက်ခံမည်ဖြစ်ကြောင်း ထားဝယ်နှင့် မြိတ်တွင် အဓိကလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသော ဖိုးသီးချို ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်းက ပြည်တွင်း ဈေးကွက်တွင် လောင်စာဆီ တစ်ပေပါလျှင်၁၃၈၀၀၀ ကျပ်မှ ယခုအချိန် ၁၃၀၀၀၀ သို့ ကျဆင်းခဲ့သဖြင့် ထိုသို့
ကောက်ခံခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဈေးအတက်အကျ တစ်လကြာ တယ်။ ဆီက သိုလှောင်ထားရလို့”ဟု ၎င်းက ဆိုသည်။

ကော့သောင်းမြို့တွင် ကျောက်မီးသွေး စက်ရုံမှ တဆင့် လျှပ်စစ်မီးပေးနေသောသန်းဖြိုးသူ ကုမ္ပဏီက ဒီဇင်ဘာလအတွက် မီတာတစ်ယူနစ် ၃၇၀ ကျပ်မှ ၃၅၀ ကျပ်သို့
လည်းကောင်း၊ ဖိုးသီးချို ရပ်ကွက်မီးလင်းရေး လျှပ်စစ်စွမ်းအား အကူမီးစက်မှုပေးနေသော လျှပ်စစ် တစ်ယူနစ် ဘတ် ၂၀ မှ ၁၈ ဘတ်သို့ လည်းကောင်း အသီးသီး
လျော့ချ ကောက်ခံမည်ဖြစ်ကြောင်း ယင်းတို့ထံမှ သိရသည်။

ကော့သောင်းတွင် ယင်းမီးလင်းရေး ကုမ္ပဏီ နှစ်ခုအနက် သန်းဖြိုးသူကုမ္ပဏီမှကျာက်မီးသွေးဖြင့် စတင် လည်ပတ်ပါ က တစ်ယူနှစ် ၂၀၀ ကျပ်ဖြင့် မီးပေးရန်
ဒေသခံများအား ပြောကြားခဲ့သော်လည်း ကျောက်မီးသွေးဖြင့် မီးလင်းရေးအပြည့်အဝ မလည်ပတ်နိုင်သည့် အချိန် တွင် ဒီဇယ်ဖြင့် လည်ပတ်ရသည် ဟုဆို ကာ
တစ်ယူနစ် ၃၇၀ ကျပ် ကောက်ခံခဲ့ပြီး လောင်စာ ဆီဈေးကျမှသာ ပထမအကြိမ်ဈေးလျော့ချခြင်းဖြစ်သည်။

ထားဝယ်၊ မြိတ်နှင့် ကော့သောင်း မြို့တို့တွင် ဒီဇယ်ဆီဖြင့် လည်ပတ်လျှပ်စစ်မီးပေးသဖြင့် လအလိုက် ဒီဇယ်ဆီဈေးနှုန်းအပေါ်မူတည်၍ လျှပ်စစ်
တစ်ယူနစ်ဈေးအတက်အကျရှိသည်။

ထားဝယ်ခရိုင်တွင်  ထိုင်းနိုင်ငံသို့ တင်ပို့သော လျှပ်စစ်ဓာတ်အားမှ ပြန်လည်ဝယ်ယူ၍ တစ်ယူနစ် ကျပ် ၂၀၀ နှုန်းဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက
စတင် ဖြန့်ဝေရန် စီစဉ်ထားသော်လည်း နောက်သို့ ရွေ့သွားခဲ့ရပြီး မည်သည့်အချိန်တွင် ရမည်ကို မသိရသေးချေ။

ယင်းကြောင့် တနင်္သာရီတိုင်းအတွင်းရှိ နိုင်ငံရေးပါတီများ၊အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသော လျှပ်စစ်ဓာတ်အားဖြင့်
သယံဇာတ ရရှိရေး ကော်မတီက လှုပ်ရှားမှုများ ပြန်လုပ်ရန် စီစဉ်လျက်ရှိသည်။

နိုင်ငံတကာ ဈေးကွက်တွင် ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက ရေနံစိမ်း တစ်စည် အမေရိကန်ဒေါ်လာ ၁၀၈ ဒေါ်လာမှ တောက်လျှောက်ကျဆင်းခဲ့ပြီး ၂၀၁၅ ခု
နှစ်ဆန်းတွင် တစ်စည် ၄၈ ဒေါ်လာသို့ ရောက်ရှိသွားသည်။