ဆီဂိမ်းပြိုင်ပွဲတွင် တနင်္သာရီ အမျိုးသမီးနှစ်ဦးပါ

မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၂၉ ကြိမ်မြောက်ဆီဂိမ်းတွင် တနင်္သာရီ တိုင်းမှ အမျိုးသမီး ကစားသမားနှစ်ဦး ပါဝင်မည်ဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညာဦးစီးဌာနထံမှ သိရ သည်။ အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ဘော်လီဘောနှင့် ဂျူဒို အားကစားနည်း တွင် ပါဝင်ယှဉ်ပြိုင်ရန် အပြီးသတ် ရွေး ချယ်ခံထားရပြီးဖြစ်ကြောင်း တိုင်းအား/ကာ...

မြို့နယ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်

တိုင်းအစိုးရအဖွဲ့ဖလား မြို့နယ် ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲကို လာမည့် ဇူလိုင်လ ၂၂ ရက်တွင် ကျင်းပမည် ဖြစ် ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာ ဦးစီးဌာနထံမှ သိရသည်။ မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက်လက်ဝှေ့ပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမတွင် ကျင်းပ...

ပထမဆုံးမြို့နယ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ကျင်းပမည်

တနင်္သာရီတိုင်း အတွင်း မြို့နယ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ပထမဆုံး အကြိမ်ဆုံးကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံဖူဆယ်ပြိုင်ပွဲကို ဇူလိုင် လ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရွှေဝယ်သီရိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံတွင်ကျင်းပမည်ဖြစ် ကြောင်းအထက်ပါ ဌာနထံမှ သိရသည်။ အမျိုးသားအသင်း ၁၀...

ပြည်နယ်နှင့်တိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ တနင်္သာရီတိုင်းဗိုလ်စွဲ

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက်တွဲ ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ဗိုလ်စွဲ ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။ အဆိုပါ ပြိုင်ပွဲကို ပြည်နယ်နှင့် ၁၄ ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မန္တလေး တိုင်းမှဒုတိယ၊ ကရင်ပြည်နယ်မှ တတိယ ရရှိခဲ့ကြောင်း တိုင်းအား/ကာမှ ဦးစီး...

မြို့နယ်အလိုက် အားကစားပွဲများ တစ်နှစ်ပတ်လုံး ကျင်းပမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ် အလိုက် အားကစားပွဲများကို ယခုနှစ်တွင် တစ်နှစ်ပတ်လုံး ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ မြို့နယ် အားကစား ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ကို ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်မှ စ၍ မြို့နယ်တိုင်းတွင် ပြိုင်ပွဲများကို ယခင် ထက် တိုးမြှင့်...

အသည်းမကြောင်တဲ့ တွေ့မရှောင်

တစ်ချိန်က လက်ဝှေ့ဆိုင်းသံ ကြားရာအရပ်တိုင်းမှာ သူ့ကို တွေ့ရတတ်ပါသည်။ ခုတော့ သူ…၊ ကြိုးဝိုင်းကို ကျောခိုင်းလိုက်ပါပြီ။ ဒဏ်ချက်များဖြင့် ရင့်ကျက်နေသော သူ့မျက်နှာသည် ကြိုးဝိုင်းထဲ၌ မာထန်သလောက် အပြင်တွင် ပုခက်တွင်းက ကလေးငယ်တစ်ယောက်၏ ဖြူစင်သော အပြုံးမျိုးကို...

ပြည်ထောင်စုနေ့ အကြို ထားဝယ်တွင် လူတစ်ထောင်ကျော် စက်ဘီးစီး

၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအဖြစ် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ဒေသခံများနှင့် အခြေခံပညာ ကျောင်းသား/သူများ စုစုပေါင်းအင်အား ၁၂၀၀ ဦးဝန်းကျင်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြို့တစ်ပတ် စက်ဘီးစီးနင်းခဲ့ကြသည်။ ကျန်းမာသန်စွမ်းစေရန်၊ လောင်စာဆီ သက်သာစေရန်၊ ကာဗွန်ဒိုင် အောက်ဆိုဒ် လျှော့ချနိုင်ရန်၊ မျိုးဆက်သစ်...

မြန်မာ ယူ ၂၀ အပါအ၀င် သုံးနိုင်ငံ ဖိတ်ခေါ်ပွဲ ကျင်းပမည်

ကမ္ဘာ့ဖလားအကြို ပြင်ဆင်မှု အနေနှင့် မြန်မာ၊ ဥဇဘက်ကစ္စတန် နှင့် ဖီဂျီ ယူ ၂၀ အသင်းတို့ မန္တလေးမြို့တွင် သုံးနိုင်ငံ ပတ်လည်ဖိတ်ခေါ်ဖလားပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။   မူလက လေးနိုင်ငံ ဖလားပွဲကျင်းပရန် ရည်ရွယ်ထားသော်လည်း ကာတာအသင်းလာရောက် မယှဉ်ပြိုင်တော့ သဖြင့်...