ပထမဆုံးမြို့နယ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ကျင်းပမည်

0
690

တနင်္သာရီတိုင်း အတွင်း မြို့နယ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ပထမဆုံး အကြိမ်ဆုံးကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံဖူဆယ်ပြိုင်ပွဲကို ဇူလိုင် လ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရွှေဝယ်သီရိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံတွင်ကျင်းပမည်ဖြစ် ကြောင်းအထက်ပါ ဌာနထံမှ သိရသည်။ အမျိုးသားအသင်း ၁၀ သင်းနှင့် အမျိုးသမီး ၈ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်နေ့လေးပွဲနှုန်း ကစားကြမည်ဖြစ်ကြောင်း သိရသည်။