မြန်မာ ယူ ၂၀ အပါအ၀င် သုံးနိုင်ငံ ဖိတ်ခေါ်ပွဲ ကျင်းပမည်

0
923

ကမ္ဘာ့ဖလားအကြို ပြင်ဆင်မှု အနေနှင့် မြန်မာ၊ ဥဇဘက်ကစ္စတန် နှင့် ဖီဂျီ ယူ ၂၀ အသင်းတို့ မန္တလေးမြို့တွင် သုံးနိုင်ငံ ပတ်လည်ဖိတ်ခေါ်ဖလားပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

1MM U-20 in Turkey 03
Photo – MFF

 

မူလက လေးနိုင်ငံ ဖလားပွဲကျင်းပရန် ရည်ရွယ်ထားသော်လည်း ကာတာအသင်းလာရောက် မယှဉ်ပြိုင်တော့ သဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ အထိ မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် အရသိရသည်။

ကစားသမား အသစ်များ ခေါ်ယူထားသော မြန်မာ ယူ ၂၀ အသင်းသည် ဥရောပနိုင်ငံများသို့ သွားရောက်၍ ဇန်န၀ါရီလ ၁၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့ အထိ ခြေစမ်းပွဲများ သွားရောက်ကစားခဲ့သေးသည်။

ခြေစမ်းပွဲ ခြောက်ပွဲတွင် လေးပွဲနိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲရှုံးရလာဒ်ရှိခဲ့ပြီး ကစားသမား၏ ခြေစမ်းတည်ငြိမ်လာပြီး အသစ်ခေါ်ယူထားသော ကစားသမားများသည်လည်း အကောင်းဆုံး ပုံစံရရှိခဲ့ကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းက မှတ်ချက်ပြုထားသည်။

ကမ္ဘာ့ဖလားပွဲမတိုင်မီ နောက်ထပ် ဥရောပနိုင်ငံကြီးများသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က ဆိုသည်။

 

မန္တလေးတွင် ကျင်းပမည့် သုံးနိုင်ငံပတ်လည် ဖိတ်ခေါ်ပွဲစဉ်ဇယား

၁၇-၂-၂၀၁၅  –  မြန်မာ ယူ-၂၀         VS             ဖီဂျီ ယူ-၂၀                        (ညနေ ငါးနာရီ)
၁၉-၂-၂၀၁၅  – ဖီဂျီ ယူ-၂၀               VS             ဥဇဘက်ကစ္စတန် ယူ-၂၀        (ညနေ ငါးနာရီ)
၂၁-၂-၂၀၁၅  – ဥဇဘက်ကစ္စတန် ယူ-၂၀ VS    မြန်မာ ယူ-၂၀   (ညနေ ငါးနာရီ)

 

ဥရောပ ခြေစမ်းပွဲစဉ် ရလာဒ်များ

၁၉.၁. ၂၀၁၅ မြန်မာ ယူ-၂၀    ၂-၂  Taraz (တာဂျစ်ကစ္စတန်စူပါလိဂ်ကလပ်)
၂၁. ၁.၂၀၁၅ မြန်မာ ယူ-၂၀   ၂-၀  အဇာဘိုင်ဂျန် ယူ-၂၂
၂၄.၁.၂၀၁၅ မြန်မာ ယူ-၂၀     ၁-၃  အီရန် ယူ-၂၂
၂၇.၁.၂၀၁၅ မြန်မာ ယူ-၂၀     ၄-၁   BAK Berlin (ဂျာမန် တတိယတန်း ကလပ်)
၂၉.၁.၂၀၁၅ မြန်မာ ယူ-၂၀     ၄-၁  SV – 1879 Ehrenhain (ဂျာမန် စတုတ္ထတန်း ကလပ်)
၃၀.၁.၂၀၁၅ မြန်မာ ယူ-၂၀     ၄-၁  ရှက်တာဒိုးနက် ယူ-၂၁ (ယူကရိန်း ကလပ်)