မြိတ်ငါးလေလံဝင်းအတွင်းရှိ အလုပ်သမားများ

မြိတ်ငါးလေလံဝင်းအတွင်းရှိ အလုပ်သမား ၄၀ နီးပါး မဲပေးခွင့်မရ

“မဲမပေးရတာကို စိတ်မကောင်း ဖြစ်တာ တစ်ခုပဲ။ ထည့်ခွင့်ရရင် အဘတို့လည်း ထည့်ချင်တာပေါ့” ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မြိတ်မြို့ငါးလေလံဝင်းအတွင်းရှိ ဝန်ထမ်းများနှင့် ငါးဖမ်းပိုက်ဖာသည့် အလုပ်သမားများ ၄၀ ဝန်းကျင်မှာ...
ဒေါက်တာညိုညိုသင်း

သုံးပုံနှစ်ပုံဝန်းကျင် အခြေအနေကောင်းဟု ဒေါက်တာညိုညိုသင်းပြော

ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိရန်သုံးပုံနှစ်ပုံဝန်းကျင်(၆၅ ရာခိုင်နှုန်းဝန်းကျင်) အခြေအနေရှိနေကြောင်း ဒေါက်တာညိုညိုသင်းက ပြောဆိုလိုက်သည်။ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲပေးနေမှုများ မပြီးသေးခင် နေ့ခင်းပိုင်းတွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
မဲရုံအသီးသီး၌ မဲလာပေးကြသူများ

တနင်္သာရီတိုင်းအတွင်းက ရွေးကောက်ပွဲ နံနက်ပိုင်း အနှစ်ချုပ်

ပြီးခဲ့သည့်ရက်ပိုင်းက ထားဝယ်မြို့၊ နေရာအချို့တွင် ဗုံးလန့်မှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပသည့် ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် မဲရုံအသီးသီး၌ မဲလာပေးကြသူများမှာ ပုံမှန်အတိုင်းရှိခဲ့သည်ကို တွေ့ရသည်။ မဲရုံအချို့တွင် မဲရုံစတင်ဖွင့်ချိန်ဖြစ်သည့် နံနက် ၆ နာနီမတိုင်မီကတည်းက...
Dawei Watch, Dawei News, Dawei News Media

လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစခန်းမှ ကြိုတင်မဲများ အိမ်တိုင်ရာရောက် ကောက်ခံမည်

ထားဝယ်မြို့နယ်အတွင်းရှိ ကိုဗစ်ကပ်ဘေးကြောင့် လော့ဒေါင်းချထားသည့် ဧရိယာနှင့် ကွာရန်တင်းစခန်းများတွင် နေထိုင်သူများ၏ ကြိုတင်မဲများကို အိမ်တိုင်ရာရောက်ကောက်ခံသွားရန် စီစဉ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုများသည့်အတွက် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေရာအချို့တွင် လော့ဒေါင်းချထားသည်။
Dawei Watch, Dawei News, Dawei News Media

ကညုံရပ်ကွက် မဲလက်မှတ်မှားယွင်းမှု ဆုံးဖြတ်မည့် အဖြေမရှိသေး

ထားဝယ်မြို့ရှိ ကညုံရပ်ကွက်တွင် ကြိုတင်မဲပေးရာ၌ မဲလက်မှတ်မှားယွင်းမှုအပေါ် မည်ကဲ့သို့ဆုံးဖြတ်မည်ကို အဖြေမထွက်သေးကြောင်း ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။ အဆိုပါရပ်ကွက်တွင် တိုင်းဒေသကြီးလွှတ်တော်အတွက်ဆန္ဒမဲပေးရာတွင် ရပ်ကျေးကော်မရှင်က တိုင်းရင်း သားဆန္ဒမဲလက်မှတ်များ မှားယွင်း ထုတ်ပေးမိခြင်းဖြစ်သည်။