သရက်ချောင်း ပိန်းတောသပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး လေးဦးအဖမ်းခံရ

သရက်ချောင်းမြို့နယ် ပိန်း‌တောသပိတ်စစ်ကြောင်းသည် ယနေ့မွန်းလွဲ ၂ နာရီခန့်က သေနတ်ပစ်ဖောက်ဖြိုခွင်းခံရပြီး အမျိုးသမီးလေးဦးအဖမ်းခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ပိန်းတော၊ ပန်းချီရှောင်၊ ပန်းပြင် ကျေးရွာများပူးပေါင်းသပိတ်စစ်ကြောင်းသည် လှည့်လည်ဆန္ဒပြပြီး ပန်းချီရှောင်သင်္ချိုင်းအနီးတွင် လူစုခွဲနေချိန် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း စစ်ကြောင်းတွင်ပါဝင်သူတစ်ဦးက ပြောသည်။
video

၁၂၆ ရက်မြောက် ကံပေါက်သပိတ်

ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဇွန်လ ၁၃ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ၁၂၆ ရက်မြောက် ဆန္ဒပြခဲ့ပါတယ်။
ထားဝယ် သပိတ် ခြောက်ရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၀

ပြည်သူ့ဝန်ထမ်းများ ပါဝင်လာသည့် ထားဝယ်ဆန္ဒပြပွဲ

(ထားဝယ် သပိတ် ခြောက်ရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၀) တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် ခြောက်ရက်မြောက် ဆန္ဒပြပွဲတွင် ပြည်သူ့ဝန်ထမ်းများ ပါဝင်လာသည်။ စစ်အာဏာသိမ်းပြီး ၁၀ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ...
video

ထားဝယ်တောင်ပိုင်း ပန်းသပိတ်

ထားဝယ်တောင်ပိုင်းသပိတ်စစ်ကြောင်းဟာ ဇွန်လ ၁၉ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ် ပြုလုပ်ခဲ့ပါတယ်
video

လောင်းလုံးကျေးလက် ညသပိတ်

လောင်းလုံးမြို့နယ်ရှိ ဝဗျောကျေးရွာမှာ ဩဂုတ်လ ၁၀ ရက်ညက စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။
Dawei Watch, Dawei News, Dawei News Media

မြိတ်တွင် မူးယစ်ဆေးနှင့် လက်နက်များ လိုက်လံရှာဖွေ

မြိတ်ရှိရပ်ကွက်တစ်ချို့တွင် တပ်ကောင်စီအဖွဲ့မှ မူးယစ်ဆေးနှင့်လက်နက်များ လိုက်လံရှာဖွေနေကြောင်း သိရသည်။ မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အတွင်းသို့ ဇူလိုင်လ ၇ ရက်နေ့ညနေပိုင်းတွင် လာရောက်၍ မူးယစ်ဆေးရောင်းချနေသည်ဟု ယူဆရသည့် နေအိမ်အချို့အား ဝင်ရောက်ရှာဖွေခဲ့ကြပြီး လူနှစ်ဉီးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။
video

အရှေ့နဲ့အနောက်သပိတ်

ထားဝယ်မြို့၊ အရှေ့ဘက်၊ အရှေ့တောဒေသ သပိတ်စစ်ကြောင်းနှင့် လောင်းလုံးမြို့နယ်အတွင်းရှိ အောက်ကျောက်ဝပ်ကျေးရွာရှိ သပိတ်စစ်ကြောင်းတို့သည် ဇွန်လ ၁၄ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်။
Dawei Watch, Dawei News, Dawei News Media

မော်လမြိုင်တွင် ဗုံး နှစ်ကြိမ်ပေါက်၊ တစ်ဦးဒဏ်ရာရ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မေလ ၄ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်သွားသည်ဟု မြို့ခံတို့ထံမှ သိရသည်။ ယနေ့နံနက် ၄ နာရီဝန်းကျင်ခန့်က မော်လမြိုင် ပညာရေးကောလိပ်ကျောင်းရှေ့ဆိုင်းဘုတ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းညကင်းစောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။