သရက်ချောင်း ပိန်းတောသပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး လေးဦးအဖမ်းခံရ

0
132

သရက်ချောင်းမြို့နယ် ပိန်း‌တောသပိတ်စစ်ကြောင်းသည် ယနေ့မွန်းလွဲ ၂ နာရီခန့်က သေနတ်ပစ်ဖောက်ဖြိုခွင်းခံရပြီး အမျိုးသမီးလေးဦးအဖမ်းခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ပိန်းတော၊ ပန်းချီရှောင်၊ ပန်းပြင် ကျေးရွာများပူးပေါင်းသပိတ်စစ်ကြောင်းသည် လှည့်လည်ဆန္ဒပြပြီး ပန်းချီရှောင်သင်္ချိုင်းအနီးတွင် လူစုခွဲနေချိန် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း စစ်ကြောင်းတွင်ပါဝင်သူတစ်ဦးက ပြောသည်။

“သေနတ်တစ်ချက်၊ နှစ်ချက်ဖောက်လိုက်သေးတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဆိုင်ကယ်ထားခဲ့ပြီး ပြေးတာ” ဟု ၎င်းကဆိုသည်။

ဆန္ဒပြစစ်ကြောင်းတွင်ပါဝင်သူများ၏ ဆိုင်ကယ်အစီး‌ရေ သုံးဆယ်ကျော်လည်း သိမ်းဆည်းခံရကြောင်း‌ ဒေသခံ အချို့က ဆိုသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးလေးဦးအနက် တစ်ဦးမှာ ဘုန်းကြီးကျောင်းသို့လာချိန်တွင် အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။