မြိတ်တွင် မူးယစ်ဆေးနှင့် လက်နက်များ လိုက်လံရှာဖွေ

0
143
Dawei Watch, Dawei News, Dawei News Media

မြိတ်ရှိရပ်ကွက်တစ်ချို့တွင် တပ်ကောင်စီအဖွဲ့မှ မူးယစ်ဆေးနှင့်လက်နက်များ လိုက်လံရှာဖွေနေကြောင်း သိရသည်။

မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အတွင်းသို့ ဇူလိုင်လ ၇ ရက်နေ့ညနေပိုင်းတွင် လာရောက်၍ မူးယစ်ဆေးရောင်းချနေသည်ဟု ယူဆရသည့် နေအိမ်အချို့အား ဝင်ရောက်ရှာဖွေခဲ့ကြပြီး လူနှစ်ဉီးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။

ယင်းအပြင် ည ၈ နာရီခန့်တွင်လည်း အဆိုပါရပ်ကွက်သို့ ထပ်မံလာရောက်ခဲ့ကြပြီး ယင်းရပ်ကွက်ရှိ ထုံးဖိုဗလီအတွင်း ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း ရပ်ကွက်သားများ ကပြောသည်။

“တစ်နာရီကျော်ကျော်လောက် အချိန်ယူပြီး ဝင်ရှာတယ်။ လူတချို့ကိုလည်း စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ ဘာလက်နက်မှလည်းမတွေ့ရဘူး”ဟု ကန်ခေါင်းရပ်ကွက်နေ အမျိုးသားတစ်ဉီး ကပြောသည်။

တပ်ကောင်စီတပ်ဖွဲ့ က အဆိုပါရပ်ကွက်သို့ လာရောက်ရှာဖွေရာတွင် ကားအသေး ခြောက်စီးနှင့် စစ်ကားကြီးတစ်စီးတို့ဖြင့် လာရောက်ကာ ရှာဖွေခဲ့ကြကြောင်း ၎င်းတို့ကဆိုသည်။