ထားဝယ်အကျဉ်းထောင်မှ ပြန်လွတ်သူများ

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများ ယနေ့ညနေပိုင်းက ပြန်လွတ်လာကြသည်ကို တွေ့မြင်ရစဉ်။ ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်၏ ထုတ်ပြန်ချက်အရ အပြစ်ဒဏ်မှလွတ်ခါနီး ၆ လအောက်သာ ကျန်တော့သည့် အကျဉ်းသား/သူ စုစုပေါင်း ၃၀ ကျော်...

ဝါဆိုလပြည့်နေ့ ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးမြင်ကွင်း

ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးကို လာရောက်ကြသည့် ဘုရားဖူးများကို ဝါဆိုလပြည့်နေ့ (သြဂုတ်လ ၁ ရက်နေ့)တွင် မြင်တွေ့ရစဉ်။

မိုးများ၍ ထားဝယ်မြို့သစ်တွင် ရေကြီး

ထားဝယ်တွင် မနေ့(ဇူလိုင် ၂၈) ညက‌စပြီး ယ‌နေ့မနက်ပိုင်းအထိရွာသည့်မိုးကြောင့် ထားဝယ်မြို့သစ် ၈ လမ်း နှင့် ၅ လမ်း တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။ သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းဖွဲ့များက အရေးပေါ်ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးနေသည်။

အာဇာနည်နေ့ လူထုသပိတ် လောင်းလုံးတွင်ပြုလုပ်

အာ‌ဇာနည်နေ့ အထိမ်းအမှတ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့နံနက်တွင် လောင်းလုံးမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြသည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်သည့် ယင်းလှုပ်ရှားမှုတွင် ‘သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်’ စာသားပါ ဘန်နာကိုကိုင်ဆွဲ ချီတက်ခဲ့ကြသည်။

ထိုင်းတောင်ပိုင်း မြန်မာကျောင်းများ၏ ဖိတ်ခေါ်ဘောလုံးပွဲ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာစာသင်ကျောင်း ၃ ကျောင်း၏ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့သည်။ စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် သူရိယစန္ဓာ မြန်မာစာသင်ကျောင်း၊ ဝပ်ဆုမ်ဝမ်မြန်မာကျောင်းနှင့် ခနုံမြို့နယ် အမှတ်၂ သူရိယစန္ဒာမြန်မာစာသင်ကျောင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူများပူးပေါင်း၍ အာဇာနည်နေ့ကျင်းပ

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ၇၆ နှစ်မြောက်အာဇာနည်နေ့ကို ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူများ ပူးပေါင်းကျင်းပခဲ့သည်။

စူရတ်ဌာနီရှိ မြန်မာစာသင်ကျောင်းတွင် အာဇာနည်နေ့ကျင်းပ

၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် ယနေ့ နံနက်က ကျင်းပခဲ့ကြသည်။

သောင်တင်ခြင်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာ လူပေါင်း နှစ်သန်းကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးပါပြီ။ တောတောင်တွေထဲမှာ၊ ဒုက္ခသည်စခန်းတွေမှာ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ အိမ်လည်း မပြန်နိုင်ကြပါဘူး။ တခြားနေရာသစ်ကို ဘ၀သစ်စဖို့လည်း ထွက်သွားလို့...

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း ယနေ့ ပြုလုပ်ခဲ့ကြသည်။ ယနေ့လှုပ်ရှားမှုတွင် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”ဘန်နာကိုင်ဆွဲပြီး အမျိုးသမီးများ လူငယ်များနှင့် ‌ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ချီတက်ခဲ့ကြောင်း သပိတ်ကော်မတီက ထုတ်ပြန်သည်။

ဝန်ကြီးချုပ်ရွေးချယ်နေသော ထိုင်းလွှတ်တော်ရှေ့တွင် လုံခြုံရေးအတားအဆီးများချထား

ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်နေသော လွှတ်တော်အဆောက်အအုံ ပတ်ဝန်းကျင်တွင် ထိုင်းရဲတပ်ဖွဲ့များက အတားအဆီးများ၊ ရေကားများ ပြင်ဆင်ချထားသည်ကို တွေ့ရှိရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ယင်းအတားအဆီးများ၊ ရေဖြန်းစက်ပါသောကားများကို ယမန်နေ့ ညသန်းခေါင်အချိန်ကတည်းက ပြင်ဆင်နေခဲ့ကြခြင်းဖြစ်သည်။