မြိတ်သင်္ကြန်အကျနေ့ မဏ္ဍပ်များတွင်သာ ရေကစားသူရှိ

သင်္ကြန်အကျနေ့တွင် မြိတ်မြို့၏ လမ်းမများပေါ် ကလေးအချို့မှလွဲ၍ ရေကစားကြသူမရှိဘဲ ခြောက်ကပ်နေပြီး ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက် မဏ္ဍပ်များရှေ့တွင်သာ ရေပက်နေကြသူများရှိကြောင်း ဒေသခံများ ထံမှသိရသည်။ လူငယ်အချို့သာ ရေပက်ခြင်း ရေပက်ခံထွက်ခြင်းများ ရှိသည်ဟု မြို့ခံများကပြောသည်။

ထားဝယ်မြို့က ဆောက်လုပ်ရေးမဏ္ဍပ်တွင် ရေကစားကြသူများ

မဟာသင်္ကြန်ပွဲရောက်ပြီဆိုလျှင် တခုတ်တရ ရေကစားလေ့ရှိကြသည့် ထားဝယ်မြို့ပေါ်တွင် ယခုနှစ်တွင်တော့ ရေကစားသူ အနည်းငယ်သာ ရှိကြသည်။ ထားဝယ်မြို့က ဆောက်လုပ်ရေးမဏ္ဍပ်တွင် ရေကစားနေသည့် မြင်ကွင်းကို ၂၀၁၅ ခုနှစ်ကပုံနှင့် ယခုနှစ် သင်္ကြန်အကြိုနေ့ မြင်ကွင်းတို့ကို တွဲယှဉ်ဖော်ပြလိုက်ပါသည်။

မြိတ်က သင်္ကြန်အကြိုနေ့

ခရီးသွားများဖြင့် စည်ကားလေ့ရှိသည့် တနင်္သာရီတိုင်း၊ မြိတ်မြို့ မဟာသင်္ကြန်ပွဲမှာ ယခုနှစ်တွင်တော့ ကလေးငယ်အချို့သာ ရေကစားနေကြသည်ကိုတွေ့မြင်ရသည်။ ယနေ့(သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီခန့်တွင် မြိတ်မြို့ရှိလမ်းများပေါ်၌ လူအသွားအလာ ခြောက်ကပ်နေပြီး ရေကစားသူမရှိသည့် အခြေအနေကို မြင်တွေ့ကြရသည်။

ကလေးသင်္ကြန် ဒုတိယနေ့ ထားဝယ်မြင်ကွင်း

ကလေးသင်္ကြန်ဒုတိယနေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁၂ ရက်တွင်လည်း ထားဝယ်မြို့ထဲတွင် ကလေးများ ရေပက်ကစားကြသည်ကို မတွေ့ရသေးပေ။ ယနေ့မြို့ထဲ နံနက် ၉ နာရီနှင့် ၁၀ နာရီအကြား မြို့ထဲ အဓိကလမ်းမကြီးအချို့ကို လိုက်လံကြည့်ရူခဲ့ရာ လမ်းမပေါ်တွင်...

ရေကစားသူမရှိသည့် ကလေးသင်္ကြန်ပထမရက်

ကလေးသင်္ကြန်စတင်သည့် ယနေ့ ဧပြီလ ၁၁ ရက်တွင် လောင်းလုံးနှင့် ရေဖြူမြို့နယ်များထဲက ကျေးရွာအချို့တွင် ကလေးများ ရေပက်ကစားသည်ကို မတွေ့ရပေ။ ထားဝယ်ဒေသတွင် သင်္ကြန်အကျနေ့မတိုင်မီ သုံးရက်ကြိုတင်ကာ ကလေးသင်္ကြန်ကို ကျင်းပခြင်းဖြစ်သည်။