တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်

ကမ်းနီးကတော့ တိုင်းဒေသကြီးထဲကို ထည့်သင့်တယ်ဗျ

အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် တိုင်းလုံးကျွတ်အနိုင်ရခဲ့သည့်အပြင် မဲရရှိမှုရာခိုင်နှုန်းမှာ ယခင်ရွေးကောက်ပွဲထက် ပိုများခဲ့သည်။ မဲအနိုင်ရမှု မြင့်တက်လာခြင်းအပါအဝင် ၎င်း ဦးဆောင်သည့် လက်ရှိအစိုးရအပေါ် ကျေနပ်အားရမှု၊ မကြာမီဖွဲ့စည်းမည့် အစိုးရအသစ်၏ အခင်းအကျင်း၊ အစိုးရနှင့် လွှတ်တော် အပြန်အလှန်ထိန်းကျောင်းနိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ပရိသတ်များသိရှိနိုင်စေရန် တနင်္သာရီတိုင်းဝန်ကြီးချုပ်...

တိုင်းလွှတ်တော်အစီရင်ခံစာကိစ္စ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၏ တုံ့ပြန်ချက်နှင့် လူထုအသံ

တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့နှင့် ပတ်သက်၍ ပြည်ထောင်စုသို့ အစီရင်ခံစာပေးပို့ခဲ့သည့်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးအား ၂၀၂၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ခွင့်မပြုရန် ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ဇော်က NLD ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း DVB သတင်းဌာနတွင် ဖော်ပြခဲ့သည်။...

အန္တရာယ်များလှသည့် ခွေးရူးပြန်ရောဂါ

တနင်္သာရီတိုင်းတွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးရသူများ နှစ်စဉ်နှစ်တိုင်းရှိနေသည်။ ဆေးပညာ အဆင့်မြင့်လာသည့် ခေတ်ကာလဖြစ်သော်လည်း သေဆုံးမှုက ရှိနေဆဲဖြစ်သည်။ ခွေးကိုက်ခံရပါက ခုံဖိနပ်ဖြင့်ရိုက်ပြီး ကုသခြင်း၊ ဆန် ကိုဝါးချေပြီး အုံပေးခြင်း၊ မန်းမှုတ်ကုသပေးခြင်း အစရှိသည့် ဒေသဓလေ့များကလည်း အမြစ်တွယ်နေဆဲဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ခေါင်းဆောင် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံခြင်း (အပိုင်း – ၂)

တနင်္သာရီ။ ။လက်ရှိခန့်အပ် စာရတဲ့ အချိန်ကစပြီး အခုအချိန်အထိ ဘာတွေလုပ်ခဲ့ဖြစ်လဲ။ ဦးအောင်နိုင်ဦး။ ။ကျွန်တော် တို့လုပ်ဖြစ်ခဲ့တာကတော့ တစ်တိုင်းလုံးက ရှေ့နေတွေနဲ့ တွေ့ဆုံမှုကို မြန်မာနိုင်ငံ ရှေ့နေကွန်ရက်နဲ့ ပူးပေါင်းပြီးတော့ လေး ကြိမ်လောက်...

ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် မိုးရာသီရောက်လာပြီဖြစ်သည့်အတွက် ရာသီတုပ်ကွေးအပါအဝင် ဖျားနာမှုများ အဖြစ်များလာလေ့ရှိသည်။ တနင်္သာရီတိုင်းတွင်လည်း ရာသီတုပ်ကွေးအဖြစ်များနေပြီး ရာသီတုပ်ကွေးနှင့်အတူ သွေးလွန်တုပ်ကွေးကဲ့သို့ ရောဂါများလည်း အဖြစ်များနေသည်။ တုပ်ကွေးဖြစ်လာပါ တစ်ဦးနှင့်တစ်ဦးကူးစက်ပြီး အိမ်ရှိမိသားစုအားလုံးနီးပါး ဖျားနာတတ်ကြသည်။

“သူတို့ဘက်ကတော့ ရလေလိုလေပဲပေါ့နော်”

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူးနှင့် တွေ့ဆုံခြင်း ကာလကြာရှည်ရပ်နားနေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း အကောင်အထည်ဖော်ရေး စာချုပ်ပိုင်းဆိုင်ရာများ ပြင်ဆင်ပြီးဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက သတင်းထုတ်ပြန်သည်။

ဝန်ကြီး ၃ ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်အဖြစ် ၀န်ကြီးသစ် ၃ ဦး တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် မတ်လ ၂၈ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီး စတင်တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်သည်။ ထိုဝန်ကြီးသစ် ၃ ဦးအား ၎င်းတို့ကိုင်တွယ်ရမည့်ကဏ္ဍအလိုက်မည်သို့ ဆောင်ရွက်ကြမည်ကို တနင်္သာရီစာဖတ်ပရိသတ်များ  လေ့လာသိရှိနိုင်ရန် ကျမ်းကျိန်သည့်နေ့တွင် တနင်္သာရီပတ်စဉ်မှ မေးမြန်းဖော်ပြလိုက်ပါသည်

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း(ခ) ဦးဖိုးမင်းနှင့်တွေ့ဆုံခြင်း

“အကျင့်ပျက်ဝန်ထမ်းတွေ ဆိုပြီးတော့ တိတိကျကျ ခိုင်လုံတဲ့ သက်သေအထောက်အထားနဲ့တကွ ရရှိမယ်ဆိုရင်တော့ ထိထိရောက်ရောက် ကိုင်တွယ်သွားမှာပါ” ပုလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းသည် အသစ်ဖွဲ့လိုက်သည့် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ဇူလိုင်လ ၂ ရက်က...