စားပွဲတင် တင်းနစ်ပြိုင်ပွဲ မြိတ်ခရိုင်က ဆုသုံးဆု ဆွတ်ခူး

သုံးခရိုင် အသက် ၂၅ နှစ်အောက် စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် မြိတ်ခရိုင် က တံခွန်စိုက်ဆု အပါအဝင် ဆုသုံးဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း တိုင်းအားကစား နှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ မေလ ၁၈ ရက်က ပြုလုပ်သည့် ဗိုလ်လုပွဲတွင် မြိတ်ခရိုင်က အသင်း လိုက် တံခွန်စိုက်ဆု၊...

ကျွန်းစုအတွက် အမှိုက်သိမ်းယာဉ် လိုနေ

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် အမှိုက်သိမ်းယာဉ် လိုအပ်သည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းခန့်က တိုင်းဝန်ကြီး ချုပ် ခရီးစဉ်တွင် တင်ပြထားကြောင်း ယင်းမြို့နယ်စည်ပင်သာယာရေးရုံး ဦးစီးအရာရှိ ဦးသိန်းညွန့်ထံမှ သိရသည်။ ကျွန်းစုမြို့ပေါ် ၄ ရပ်ကွက်မှ ထွက် ရှိသည့် အမှိုက်များကို စွန့်ပစ်ရန် ပြီး ခဲ့သည့် ၁၀ ရက်...

မြိတ်လျှပ်စစ်ဓာတ်အားလုပ်ငန်း တင်ဒါမခေါ်မီ တစ်ယူနစ် ၄၂၀ ကျပ်နှုန်း ကောက်ခံမည်

မြိတ်မြို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါမခေါ်ယူမီ ကြားကာလအတွင်း မီတာခနှုန်းထားကို တစ်ယူနစ်လျှင် ၄၂၀ ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည်ဖြစ်ကြောင်း မြိတ်စိမ်းလန်း စွမ်းအင်ကုမ္ပဏီ ဒုတိယစီမံကိန်း ဒါရိုက်တာ ဦးမျိုးအောင်က ပြောကြားခဲ့သည်။ မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီ အနေဖြင့် လျှပ်စစ်မီးစတင်ထုတ်လုပ်ဖြန့် ဖြူးခဲ့သည့်  ယခုနှစ် ဖေဖော်ဝါရီလတွင် ၃၉၀...

မြိတ်တွင် နှစ်ချို့ ကုက္ကိုပင် မခုတ်ရန် ကန့်ကွက်

မြိတ်မြို့နယ် ထားဝယ်စုရပ်ကွက် D လမ်း(ယာယီဈေးလမ်း)ရှိ နှစ်ချို့ ကုက္ကိုပင်ကို မခုတ်ရန် မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် သစ်ပင်တွင် ကန့်ကွက် စာများ လာရောက်ချိန်ဆွဲ ထားကြောင်း ယင်းလမ်းနေသူ တချို့ ထံမှ သိရသည်။ "နှစ် ၁၀၀ သစ်ပင်ကြီး ရှားပါးပင် ဘယ်မှာမြင်တွေ့ရပါတော့မလဲ...

ဘုရားကိုင်ချောင်း ကျူးကျော်များ ဖျက်ရန် သုံးရက်ကြို အကြောင်းကြားမည်

မြိတ်မြို့နယ် နယ်မြေသုံးခု အကြားရှိ ဘုရားကိုင်ချောင်း ကျောက်တန်းစီရန်အတွက် ယင်းချောင်း အတွင်း ကျူးကျော် နေထိုင်သူများအား နေအိမ်ဖြိုဖျက်ရန် ၃ ရက် ကြိုတင်အကြောင်းကြားမည်ဖြစ် ကြောင်း ချောင်းနံဘေးနေထိုင်သူများထံမှ သိရသည်။ အဆိုပါ ဘုရားကိုင်ချောင်းရိုးတစ်လျှောက် ဝဲယာများကို ဇွန်လ နောက်ဆုံးပတ်မှစပြီး လုပ်ငန်း စတင်လျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး...

ပုလောတွင် အင်န်အယ်လ်ဒီ ပါတီ အမှတ်တံဆိပ်ပါ စတစ်ကာ နှင့် ခေါင်းစည်းကိုင်ဆောင်သည့် ကျောင်းသား/သူ တချို့ ဟန့်တားခြိမ်းခြောက် ရိုက်နှက်ခံရ

မြိတ်ခရိုင် ပုလောမြို့နယ်တွင် ပြီးခဲ့ သည့် ရက်ပိုင်းအတွင်းက ၂၀၁၅ ရွေး ကောက်ပွဲ အောင်နိုင်ရေးအတွက် အင်န် အယ်လ်ဒီပါတီမှ ဖြန့်ဝေထားသည့် စတစ်ကာနှင့် ခေါင်းစည်းကြိုးများ အသုံး ပြုသူနှင့် ကျောင်းခန်းအတွင်း ယူဆောင် လာသူ ကျောင်းသူကျောင်းသား တချို့ ခြိမ်းခြောက်ဟန့်တား ရိုက်နှက်ခံရ ကြောင်း...

ပုလောမြို့နယ် ပြည်ထောင်စုလမ်းပိုင်း ညဘက်မသွားလာရန် သတိပေး

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းကို ညဖက်သွားလာခြင်း မပြုကြရန် ပုလောဒေသကာကွယ်ရေးအဖွဲ့က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်နေခြင်းကြောင့် ည ၇ နာရီမှ နံနက် ၄...

တနင်္သာရီပကဖ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေ

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ များပြားနေကြောင်း မြို့နယ်ပကဖ၏ ဆေးမှူးတာဝန်ခံက ပြောသည်။ ဇန်နဝါရီလဆန်းမှစကာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါကျေးရွာတွင် လူဦးရေ တစ်ရာကျော် ရှိသည့်အနက် ခြောက်ဆယ်ရာခိုင်နှုန်းခန့် ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။

ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့၌ ဝင်ရောက်တိုက်ခိုက်ရာတွင် ကျဆုံးခဲ့သည့် PDF ရဲဘော်ဖြူဖွေး၏ ရုပ်အလောင်းကို ယင်းနေ့ မွန်းလွဲပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။

မြိတ် ကားတိုက်ပြေးမှုတွင် လမ်းလျှောက်နေသည့်လူငယ်သေဆုံး

မြိတ်မြို့ စပါးရွှေဝါလမ်း (မြိတ်တက္ကသိုလ်သွားလမ်း) ရှိ မြင်းမိုရ်ပုဂ္ဂလိကပညာသင်ကျောင်းအနီးတွင် မတ်လ ၁၅ ရက် ည ၉နာရီခွဲအချိန့်က လမ်းလျှောက်နေသည့် လူငယ်တစ်ဦး ကားတိုက်ခံရပြီး သေဆုံးကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။ အသက် ၁၉ နှစ်ရှိ...