မွန်ပါတီ အားလုံးပေါင်း အမတ် နေရာ ၄ နေရာသာနိုင်

မွန်ပြည်နယ်တွင် မွန်လူမျိုး ကိုယ် စားပြု ပါတီ ၃ ခု၏ ရွေးကောက်ပွဲ အနိုင်ရ အမတ်နေရာစုစုပေါင်းမှာ ၄ နေရာသာရှိသည်ဟု သက်ဆိုင်ရာ ခရိုင် နှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် များ၏ စာရင်းအရ သိရသည်။ နိုဝင်ဘာလ ၈ ရက်က ကျင်းပ...

ပစ်ခတ်မှုဖြစ်ပြီးနောက် ကျိုက်ထီးရိုးတောင်သို့ ဘုရားဖူးလာရောက်မှု နည်းပါး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဘုရားဖူးလာရောက်မှု နည်းပါးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီး အောက်တိုဘာလ ၁၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားရာ ဘုရားဖူးအမျိုးသမီး သုံးဦးသေဆုံးကာ...

ဘီလင်းတွင် ကျောင်းသားနှင့် ဒေသခံအယောက် ၄၀ ခန့် အစာအဆိပ်သင့်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာ အထက်တန်းကျောင်းခွဲမှ ကျောင်းသူ၊သားများနှင့် ဒေသခံ စုစု ပေါင်း အယောက် ၄၀ ခန့် အစာအဆိပ် သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ တာဝန် ရှိသူများထံမှ သိရသည်။ မုသင်ကျေးရွာ အထက်တန်း ကျောင်းခွဲမှ ကျောင်းသူ၊ သားများနှင့် အပြင်လူ ၉ ဦးခန့်...

မွန်တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို ဒေသလိုင်စင် လုပ်ပေးမည်

မွန်ပြည်နယ်အတွင်းရှိ  ၂၀၀၀ ခုနှစ် နောက်ပိုင်းထုတ် လိုင်စင်မဲ့မော်တော်ဆိုင် ကယ်များကို ဒေသလိုင်စင် ပြုလုပ်ပေး ရန် စီစဉ်လျက်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးက ဦးထွန်းဌေးက ပြောသည်။ မော်တော်ဆိုင်ကယ်များကို စည်းကမ်း ရှိရှိနှင့် တရားဝင်မောင်းနှင် စီးနင်းနိုင်ရန်...

ဆားကြမ်းထုတ်လုပ်မှု စရိတ်မြင့်တက်

မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းများ ဆားအထွက်လျော့နည်းခြင်းနှင့် အထွေထွေကုန်ကျစရိတ်ကြီးမြင့်လာခြင်းကြောင့် ဆားကြမ်းထုတ်လုပ်မှုစရိတ် တစ်နှစ်ထက်တစ်နှစ် ပိုမြင့်လာသည်ဟု ပြည်နယ် အတွင်းရှိ ဆားတောင်သူတို့ထံမှ သိရ သည်။ ရာသီဥတုကြောင့် ဆားအထွက်လျော့နည်းလာခြင်း၊ အလုပ်သမားလုပ်အားခ ကြီးမြင့်လာခြင်းနှင့် ဆားလုပ်ငန်းတွင် အဓိက အသုံးပြုနေရသည့် စက်သုံးဆီဈေး မြင့်တက်လာခြင်းတို့ကြောင့် ဆားကြမ်း ထုတ်လုပ်မှုစရိတ်သည်လည်း မြင့်တက် လာပြီး...

မော်လမြိုင်နှင့် ဖို့တ်ဝိန်း ညီအစ်မ မြို့တော်အဖြစ် သဘောတူ

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် အမေရိကန်ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့တ်ဝိန်းမြို့တို့ကို ညီအစ်မ မြို့တော် တည်ထောင်ရေး သဘောတူညီ မှုစာချွန်လွှာကို ဖေဖော်ဝါရီလ ၄ ရက်က မွန်ပြည်နယ်အစိုးရ အဖွဲ့နှင့် လက်မှတ် ရေးထိုးခဲ့ကြသည်။ လက်မှတ်ရေးထိုးပွဲတွင်Fort Wayne Sister Cities International Inc. ၏...

ဒေါက်တာအေးဇံ၏ ဇနီးနှင့်သား ပြန်လွတ်

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာအေးဇံ၏ ဇနီးနှင့်သားဖြစ်သူတို့မှာ ဖမ်းဆီးခံရရာမှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဒေါက်တာအေးဇံ၏ ဇနီး ဒေါ်ခင်အေးမူနှင့် သားဖြစ်သူ နေဖြိုးဇံ၊ အလုပ်သမားတစ်ဦးတို့ကို ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းက...

ရေး-သံဖြူဇရပ်လမ်းပိုင်းကို ယနေ့မှစပြီး ညပိုင်းမဖြတ်သန်းရန် သတိပေး

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းကို ညပိုင်းအချိန် ဖြတ်သန်းသွားလာမှု မပြုကြရန် မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က အသိပေး ထုတ်ပြန်လိုက်သည်။ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းကို ဇူလိုင်လ ၁ ရက်နေ့မှစပြီး ည ၉ နာရီခွဲမှ မနက် ၄...

မွန်တွင် ဖမ်းမိသည့် ထိုင်းဝက်များ ရောဂါမရှိကြောင်း စစ်ဆေးတွေ့ရှိ

စစ်ဆေးတွေ့ရှိချက်အရ မွန်ပြည် နယ်တွင် ဖမ်းဆီးရမိထားသည့် ထိုင်း ဝက်များတွင် ဝက်နှင့်သက်ဆိုင်သည့် ရောဂါများ မရှိကြောင်း မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ပြောသည်။ ထိုင်းဝက်များ တရားမဝင်တင် သွင်းနေကြောင်း ပြည်သူတို့၏ သတင်း ပေးမှုအရ ဒီဇင်ဘာလ ၂၃ နှင့် ၂၄...

ငါးမဖမ်းရရာသီ ငါးခိုးဖမ်းသည့်လှေ ထိရောက်စွာ အရေးယူမည်

ငါးမဖမ်းရရာသီတွင် ငါးခိုးဖမ်းသည့် ကမ်းဝေး ငါးဖမ်းလှေများကို ထိရောက်စွာ အရေးယူသွားမည်ဟု  မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွန်ကြားရေးမှူးက ပြောသည်။ ယခုနှစ် ငါးမဖမ်းရရာသီကို ဇွန်လမှ သြဂုတ်လထိ ၃ လ သတ်မှတ်ထားပြီး  အဆိုပါရာသီအချိန်တွင်  ကမ်းဝေးငါးဖမ်း လှေအားလုံးကို ငါးဖမ်းခွင့်  ပိတ်ပင်ထား...