ဘိလပ်မြေစက်ရုံ ကန့်ကွက်သည့် လှုပ်ရှားမှု ကျိုက်မရောတွင် စတင်

ကျောက်မီးသွေးသုံးပြီး လည်ပတ်မည့် မော်လမြိုင် ဘိလပ်မြေစက်ရုံကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်ထူခြင်းနှင့်  အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဒေသခံတို့က စတင်လိုက်သည်။ စီမံကိန်းတွင် ကျောက်မီးသွေးအသုံးပြုမှုကို ကန့်ကွက်ကြောင်း ဒေသခံလူထု ၃၇၀၀ ကျော်က မွန်ပြည်နယ် အစိုးရ နှင့် လွှတ်တော်တို့ကို ဧပြီလအတွင်းက စာတင်ပြီးနောက် လှုပ်ရှားမှု...

ကျောက်ထုတ်လုပ်ငန်း ရပ်ဆိုင်းရေး ပေါင်တွင် ဆန္ဒပြ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုကြောင့် သဘာဝပတ် ဝန်းကျင်ထိခိုက်သည်ဟုဆိုကာ လုပ်ငန်း ပိတ်သိမ်းပေးရန် ဒေသခံ ၅၀၀ ခန့်တို့က ဇွန်လ ၅ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြခံရသော ကုမ္ပဏီ၏ အမည်မှာ Long Life Aggregate Co.Ltd ဖြစ်ပြီး ကျောက်ထုတ်လုပ်မှုကြောင့် ရေအရင်းအမြစ်...

ပြည်သူမလိုသူများပါသည့် ပြည်နယ်စီမံကိန်းကော်မရှင်ကိစ္စ မွန်လွှတ်တော်နှင့် အစိုးရ ထိပ်တိုက်တွေ့

လူထုမလိုလားသော စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ထည့်သွင်းထားပြီး လွှတ်တော်သို့ အသိပေးခြင်းမရှိသည့် မွန်ပြည်နယ် စီမံကိန်းကော်မရှင်ကို အချိန်မီထိန်းသိမ်းရန် ပြည်နယ်လွှတ်တော်က အစိုးရကို စတင်မေးခွန်းထုတ်နေပြီဖြစ်သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်လက်မှတ်ထိုးကာ မေလ ၂၅ ရက်နေ့က အတည်ပြု ဖွဲ့စည်းခဲ့သည့် ပြည်နယ်စီမံကိန်းကော်မရှင်တွင် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်...

သစ်တောဧရိယာ လျော့ကျလာသော ကျိုက်ထီးရိုးတောင် စိမ်းလန်းရေး

ဟိုတယ် နှင့် ရွာချဲ့လာခြင်း၊ သာသနာ့နယ်မြေချဲ့လာခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် သစ်တော့ ဧရိယာ လျော့ကျလာသော ကျိုက်ထီးရိုးတောင် စိမ်းလန်း စိုပြေရေးအတွက် ဘဏ္ဍာငွေ တောင်းခံလိုက်သည်။ ထိုအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၁ သန်းကျော် တောင်းခံထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက...

အတိုင်ခံ ဘိလပ်မြေစက်ရုံကို စတင်စစ်ဆေး

ဒေသခံများ တိုင်ကြားထားသော မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ကျောက်မီးသွေးသုံးပြီး လည်ပတ်မည့် ဘိလပ်မြေစက်ရုံ ကို မွန်ပြည်နယ်လွှတ်တော်က ကွင်းဆင်း စတင်စိစစ်ခဲ့သည်။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အား သုံးစွဲပြီး လည်ပတ်ရန် စီစဉ်နေသည့် Mawlamyine Cement Ltd. (MCL) စက်ရုံကို ရန်တန့်ပေးရန် ဒေသခံ ၃၇၀၀...

မော်လမြိုင်အကျဉ်းထောင် အထူးရှာဖွေ စီးနင်း

နာမည်ကျော် မော်လမြိုင်အကျဉ်းထောင်ကို ရဲတပ်ဖွဲ့ဝင်အင်အား ၁၃၀ ကျော်အသုံးပြုကာ ၀င်ရောက်စီးနင်းရှာဖွေစီးနင်းခဲ့ကြောင်း သက်ဆိုင်ရာ သတင်းအရင်းအမြစ်များထံမှ သိရသည်။ သို့သော် သတင်းထွက်ပေါ်နေသကဲ့သို့ မူးယစ်ဆေးဝါးများ ဖမ်းမိခြင်းမရှိဘဲ အခြား ဥပဒေမဲ့ ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ၎င်းတို့က သတင်းထုတ်ပြန်သည်။ မူးယစ်ဆေးဝါးကိစ္စ တိုင်ကြားထားသည့်အတွက် ယင်းအကျဉ်းထောင်တွင်း အထူးရှာဖွေရေး ပြုလုပ်ခဲ့သည်မှာ မှန်သော်လည်း...

ဆရာ၊ ဆရာမများ ငွေကြေးမကောက်ရန် ပြည်ထောင်စုဝန်ကြီး သတိပေး

ကျောင်းဆရာ၊ ဆရာမများ ကျောင်းအပ်နှံသည့်နေ့မှစပြီး ပညာသင် နှစ်ကုန်သည်အထိ အကြောင်းအမျိုး မျိုးပြကာ ငွေကြေးကောက်ခံခြင်း၊ လက် ဆောင်ပစ္စည်း တောင်းခံခြင်းများ မပြု လုပ်ရန် ပြည်ထောင်စု ပညာရေး ဝန်ကြီး က သတိပေးလိုက်သည်။ မေလ ၂၂ ရက်က မွန်ပြည်နယ် သို့ရောက်ရှိခဲ့သည့် ပညာရေးဝန်ကြီး ဦးမျိုးသိမ်းကြီးသည်...

မော်လမြိုင် ဈေးကြီး ဆေးဆိုင် ၁၃ ဆိုင် ကိုဖမ်းဆီး

မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ် ၁ ဈေးကြီးတွင် ဆေးဝါးအတု၊ တရားမ၀င်ဆေးဝါးနှင့် မြန်မာနိုင်ငံတွင် မှတ်ပုံမတင်ထား သည့် ဆေးဝါးများ ရောင်းချနေသည့် ဆေးဆိုင် ၁၃ ဆိုင်ကို ဖမ်းဆီးခဲ့သည်။ ယင်းဈေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အစားအသောက်ကြီးကြပ်ရေးကော်မတီနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့မှ မေလ ၃၀ ရက်က...

မွန်တွင် အရပ်ဖက်အဖွဲ့အစည်းများ ဖိုရမ် ကျင်းပ

ဒုတိယအကြိမ် မွန်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် နှစ်ရက်တာ ကျင်းပလျက် ရှိသည်။ ဖိုရမ်သို့ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၁၀၆ ဖွဲ့တို့ တက်ရောက်ကြပြီး ငြိမ်းချမ်းရေးနှင့် လူငယ်ကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် သဘာဝသယံဇာတ...

မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရသစ် ပထမဆုံးအကြိမ် တွေ့ဆုံ

မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့် မွန်ပြည်သစ် ပါတီအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရသစ်တို့ မေလ ၁၉ ရက်က  မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံးတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ ကြသည်။ တွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာ၊ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်၊ ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဝင်းလှ၊...